Moon to look bigger next weekend during 'lunar perigee'
The moon will appear bigger next weekend as it makes its closest approach to earth for 19 years during an event known as a "lunar perigee".
On March 19 the moon will reach a distance of just 221,567 miles from Earth – the nearest it will have come since 1992.
Previous "supermoons" occured around the time natural disasters - including the 2004 Boxing Day tsunami and Cyclone Tracy which devastated the Australian city of Darwin in 1974 - but scientists say there is no evidence to suggest the phenomenon is a sign of impending doom.
Pete Wheeler, of the International Centre for Radio Astronomy, told the website news.com.au: "There will be no earthquakes or volcanoes erupting, unless they are to happen anyway.
"The Earth will experience just a lower than usual low tide and a higher than usual high tide around the time of the event, but nothing to get excited about."
David Reneke, an Australian astronomer, added: "If you try hard enough you can chronologically associate almost any natural disaster or event to anything in the night sky.
| အင်ဒိုနီးရှားဆူနာမီနှင့် Supermoon ဖြစ်စဉ်မှာ နှစ်ပတ်ကွာခဲ့သလို ယခုအခါတွင်လည်း ဆန်ဒိုင်း ငလျင်နှင့် ဆူနာမီဖြစ်စဉ်နှင့်လည်း တစ်ပတ်သာ ကွာခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း မတ်လ ၁၉ ရက်နေ့၌ ၁၉၉၂ ခုနှစ်နောက်ပိုင်း လနှင့်ကမ္ဘာအနီးဆုံးအဖြစ်မိုင်ပေါင်း ၂၂၁၅၆၇ အကွာသို့ ရောက်ရှိလာမည်ဖြစ်သည်။ လသည် ကမ္ဘာကိုစက်ဝိုင်းပုံပတ်ခြင်း မဟုတ်ဘဲ ဘဲဥပုံပတ်ခြင်းဖြစ်ရာ အနီးဆုံး အကွာအဝေးအရောက်တွင် လကို ပိုမိုတောက်ပ ကြီးမားစွာ မြင်ရလေ့ရှိသည်။ ယင်းဖြစ်စဉ်သည် ပုံမှန်အားဖြင့် တစ်လတစ်ကြိမ်ဖြစ်လေ့ရှိပြီး လာမည့် အပတ်တွင် ဖြစ်မည့်ဖြစ်စဉ်မှာမူ လပြည့်ညနှင့်ပါ တစ်ထပ်တည်းကျနေခဲ့သည်။ ယင်းသို့ ဖြစ်စဉ်နှစ်ခု တစ်ထပ်တည်းကျမှုမှာ နှစ်နှစ်၊ သုံးနှစ်ကြာလျှင် တစ်ကြိမ်ဖြစ်လေ့ရှိသော်လည်း Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုရလောက်အောင် လနှင့်ကမ္ဘာ အနီးဆုံးရောက်မှုမှာမူ အကြိမ်အရေအတွက် နည်းပါးလေ့ရှိသည်။ ယခင် Supermoon ဖြစ်စဉ်များမှာ ၁၉၅၅၊ ၁၉၇၄၊ ၁၉၉၂၊ ၂၀၀၅ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ပြီး ယင်းနှစ်များတွင် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ဆိုးရွားမှုများ ထူးထူးခြားခြား ဖြစ်ပေါ်လေ့ရှိသည်ဟု ထောက်ပြမှုများပေါ် ထွက်ခဲ့ခြင်းဖြစ်သည်။ နာတိုရီမြို့ ဆန်ဒိုင်းလေဆိပ် ပတ်ဝန်းကျင်ကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ် ၂၀၀၄ ဆူနာမီလှိုင်းလုံး ထိုင်းနိုင်ငံ သြောင်နမ်ကမ်းခြေသို့ ၀င်ရောက်လာစဉ် Ref: AFP, WashingtonPost, The Sun, DailyMail Photo:AFP လနှင့် ကမ္ဘာအနီးဆုံး အကွာအဝေးသို့ ရောက်ရှိမည့် Supermoon ဖြစ်စဉ်တွင် ရှိနေမည့် အကွာအဝေး ဆန်ဒိုင်းငလျင်အင်အားပြင်းထန်မှု အင်အား ၈ ဒသမ ၉ ရှိသော ဆန်ဒိုင်းငလျင်သည် သမိုင်းတစ်လျှောက်အင်အား အပြင်းဆုံး ငလျင်များထဲမှ တစ်ခုဖြစ်သည်။ ယမန်နှစ်က ချီလီတွင်လှုပ်ခဲ့သည့် ငလျင်ထက် အနည်းငယ်ပိုပြင်းပြီး ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားငလျင်နှင့် ဆူနာမီထက် အားပျော့သည်။ ငလျင်၏ထူးခြားချက် ဂျပန်သမိုင်းတစ်လျှောက်တွင် ရှားပါးဖြစ်စဉ်အဖြစ် တိုကျိုအနီးတွင်လှုပ်သော အင်အားကြီးငလျင် ဖြစ်သည်။ လွန်ခဲ့သော နှစ် ၃၀၀ ကျော် ၁၇၀၇ ခုနှစ်က တိုကျိုမြို့တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်နောက်ပိုင်း တိုကျိုနှင့်နီးသည့် အင်အားအလွန်ပြင်းသည့် ငလျင်ဖြစ်သည်။ ငလျင်နောက်ဆက်တွဲဖြစ်နိုင်ခြေ ဤမျှအင်အားပြင်းပြီးနောက်တွင် ဆူနာမီဖြစ်လေ့ရှိသည်။ နောက်ပိုင်းလှုပ်ခတ်မှုများမှာ လချီ၊ နှစ်ချီ ဆက်ရှိနိုင်သည်။ ငလျင်ကြီးများဆက်ဖြစ်နိုင်ခြေ ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း ပုံမှန်မဟုတ်သော လှုပ်ခတ်မှုများကြုံတွေ့ခဲ့ရပြီး ၂၀၀၄ ဒီဇင်ဘာ အင်ဒိုနီးရှား(အိန္ဒိယသမုဒ္ဒရာငလျင်) အပါအ၀င် အင်အား ၈ နှင့်အထက် ငလျင် ငါးခုထက်မနည်း လှုပ်ခဲ့သည်။ ယခင်ကာလများထက် လှုပ်ခတ်မှု ပိုများခဲ့သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် နောက်ထပ်ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေကိုမူ အတိအကျမခန့်မှန်းနိုင်။ မတ် ၁၁ရက်နေ့က ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ၈ ဒသမ ၉ ပြင်းအားရှိ ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးများ သက်ရောက်မှုကို တွက်ချက်ထားသည့် သရုပ်ဖော်ပုံ
၂၀၁၁ ဆန်ဒိုင်းငလျင်နှင့်ဆူနာမီ
|