Pages

Sunday, April 10, 2011

အခွန်ရှောင်တိမ်းမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် သမ္မတဟောင်း အာရိုယို၏သားကို တရားစွဲတော့မည်

Monday, 11 April 2011 00:39
AddThis Social Bookmark Button
w62825ဖိလစ်ပိုင် သမ္မတဟောင်း အာရိုယို၏သားကို အခွန်ရှောင်တိမ်းမှုနှင့် ပတ်သက်ပြီး တရားစွဲရန် ဖိလစ်ပိုင် အခွန်အရာရှိများက အစိုးရရှေ့နေများကို တောင်းဆိုခဲ့ကြသည်။
သမ္မတဟောင်း အာရိုယို၏ သားဖြစ်သူ ပါလီမန်အမတ် ဟွမ်မီဂွယ်အာရိုယိုနှင့် ၎င်း၏ဇနီး မာရီယာ အန်ဂျလာတို့သည် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းတွင် အခွန် ပီဆို ၇၃ ဒသမ ၈၅ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်း) ပေးဆောင်ခဲ့ခြင်း မရှိမှုဖြင့် ပြည်တွင်း အခွန်ဗျူရိုက တရားစွဲမည် ဖြစ်သည်။
မီဂွယ်အာရိုယိုနှင့် ဇနီးဖြစ်သူကို ပထမအဆင့်အဖြစ် တရားစွဲသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရဖွယ် ရှိကြောင်း အခွန်အရာရှိချုပ် Kim Henares က ပြောကြားခဲ့သည်။
ယင်းအမှုသည် သမ္မတ အကွီနိုနှင့် ၎င်း၏ပြိုင်ဘက်ဟောင်း သမ္မတ အရိုယိုတို့အကြား နိုင်ငံရေးတိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည် ဟူသော ပြောကြားချက်ကို တရားရေးဝန်ကြီး Liela de Lima က ငြင်းဆိုခဲ့သည်။
''သက်သေရှိလို့ အမှုဖွင့်တာပါ။ ဘယ်ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုကြောင့်မှ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမှုတွေဟာ သက်သေပြနိုင်တာကိုပဲ အခြေခံထားတာပါ''ဟု ၎င်းကဆိုသည်။ မီဂွယ်က တရားစွဲမည် ဆိုပါက ၀မ်းမြောက်ကြောင်း၊ သို့မှသာ နည်းလမ်းတကျ တုံ့ပြန်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။