Pages

Sunday, April 17, 2011

မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင်ချစ်စရာကောင်းတဲ့ ရန်ကုန်မြို့မြင်ကွင်းများ


PDF Print
Sunday, 17 April 2011 21:22
AddThis Social Bookmark Button
 မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူများ ဘုရားဖူးသွားခြင်း၊ ငှက်ဘေးမဲ့လွှတ်ခြင်း၊ ငါးဘေးမဲ့လွှတ်ခြင်း နှင့် စတုဒီသာကျွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်၊ Happy World ခေတ်မီသဘာဝဥယျာဉ်၊  တိရိစ္ဆာန်ဥယျာဉ်နှင့် ကန်တော်ကြီး အပန်းဖြေဥယျာဉ်တို့တွင်လည်း လာရောက်အပန်းဖြေသူများ၊ ဆော့ကစားသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။
N1
တောင်ဥက္ကလာပမြို့နယ်တွင် စတုဒီသာအဖြစ် ထမင်းထုပ်များဝေနေသည်ကို တွေ့ရစဉ်
N2
ကမ္ဘာအေးစေတီတော်သို့ ဘုရားဖူးလာသူများ
N3
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာသူများကို မြောက်ဘက်စောင်းတန်းတွင်တွေ့ရစဉ်
 N4
ရွှေတိဂုံစေတီတော် ဘုရားဖူးလာသူများ
N5
ရွှေတိဂုံဘုရား အရှေ့မြောက်မုဒ် သွေးဆေးကန်တွင် ဇိဝိတဒါန ငါးလွှတ်နေကြသူများ
N6
ရွှေတိဂုံစေတီတော်ပေါ်တွင် သွေးလှူဒါန်းနေကြသူများ
N7
မဟာဝိဇယစေတီတွင် အအေးဖြင့် စတုဒီသာတိုက်ကျွေးနေသည် တွေ့ရစဉ်
N8
မဟာဝိဇယစေတီတော်တွင် နေမင်းမှအလင်းရောင်ဖြင့် ပူဇော်နေသည်ကို လာရောက်ဖူးမျှော်နေသူများ
N9
မဟာဝိဇယစေတီတော်တွင် နေမင်းမှအလင်းရောင်ပူဇော်နေသည်ကို လာရောက်ဖူးမျှော်နေသူများ
N10
နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးတွင် ဘိုးဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှုပြုလုပ်ပေးနေသူများ
N11
အခမဲ့ပြေးဆွဲပေးနေသော လိုင်းကားတစ်စီး
 N12
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် လာရောက်ဆော့ကစား အပန်းဖြေနေသူများ
N13
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် လာရောက်ဆော့ကစား အပန်းဖြေနေသူများ