Pages

Friday, April 22, 2011

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် NLD (Signature Campaign)


မိတ်ဆွေများခင်ဗျား


ယခုပို့လိုက်သော စာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ယက်မှ ပူးပေါင်း ဆောင်ရွက်ချက်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုးထားပါသည်။ ပြည်တွင်းတွင်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နေပါသည်။ မိတ်ဆွေများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ဒေသများတွင် ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါသည်။ စုဆောင်းရရှိသော လက်မှတ်များကို အဖွဲ့ချုပ်ထံပြန်ပို့ခြင်း။ မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာ သံရုံးများမှတဆင့် ဦးသိန်းစိန်ထံ ပေးပို့ခြင်းကို အဆင်ပြေသလို ဆောင်ရွက်နီုင်ပါသည်။ အဖွဲ့ချုပ်နှင့် အခြားပူးပေါင်းဆောင်ရွက်သူများ၏ facebook စာမျက်နှာများပေါ်တွင်လည်း ယခုကမ်ပိန်းကို ထောက်ခံကြောင်း ကလစ်ရယူသော ကမ်ပိန်း ဆက်လက် လုပ်ဆောင်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်တွင်းပြည်ပ ကျယ်ပြန့်စွာ ဆောင်ရွက်စေလိုပါသည်။
လေးစားစွာဖြင့်

ကြည်တိုး
သတင်းနှင့် ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်Signature Campaign