Pages

Sunday, May 15, 2011

ဘင်လာဒင် အတွက် လက်တုံ့ပြန်မှုဟု ဆိုကာ ပါကစ္စတန်တွင် တာလီဘန်တို့ အသေခံဗုံးခွဲအနည်းဆုံး လူ ၇၀ သေဆုံး

PDF Print
Sunday, 15 May 2011 12:07
AddThis Social Bookmark Button
w63312
ပါကစ္စတန် အနောက်မြောက်ပိုင်း Charsadda ရှိ စစ်သင်တန်းကျောင်း တစ်ခုတွင် ဖြစ်ပွားသည့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့သော အသေခံ ဗုံးခွဲတိုက်ခိုက်မှုမှာ ဘင်လာဒင် သေဆုံးမှုအတွက် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် တာလီ ဘန်များက ပြောကြားခဲ့သည်။
အသေခံ ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် သေဆုံးသွားသည့်သူ အများစုမှာ စစ်သင်တန်းကျောင်းမှ လေ့ကျင့်ရေးတာဝန် ပြီးဆုံးသွားသည့် တပ်သားသစ်များ ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိ သူ ၃၀ နီးပါးရှိကြောင်း Charasadda ခရိုင် ရဲအရာရှိချုပ် နီဆာခန်မာဝတ်က ပြောကြားခဲ့သည်။
ကိုးလကြာ စစ်ရေးလေ့ကျင့်ပြီး သင်တန်း ပြီးဆုံးသွားသည့် တပ်သား သစ်များသည် Shabqadar ခံတပ်မှ ထွက်ခွာပြီးနောက် အချိန်တိုတွင်း ဆက်တိုက် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း အကြီးတန်းရဲအရာရှိ Zeb Khan က ဆိုသည်။
Charsadda ခရိုင်သည် အယ်လ်ကေးဒါးဌာနချုပ်ဟု ယူဆရသော မိုဟ်မန်ခရိုင် နယ်နိမိတ်စွန်း ဖြစ်ပြီး အာဖဂန် နယ်စပ် တစ်လျှောက်ရှိ ပါကစ္စတန် မျိုးနွယ်စု ဒေသများ နေထိုင်ရာ ခရိုင်ခုနစ်ခုထဲမှ တစ်ခု ဖြစ်သည်။
မေလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် မိုဟ်မန် ခရိုင်ရှိ စစ်သွေးကြွများကို အဓိကထား နှိမ်နင်းသည့် စစ်ဆင်ရေးအတွက် လက်စားခြေမှု ဖြစ်နိုင်သည်ဟု ရဲများ က ယူဆခဲ့သည်။