ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ဟူကျင်တောင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည် သူ့သမ္မတနိုင်ငံသို့ မကြာမီကာလ အတွင်း ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
ယခုသွားရောက်မည့် ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အတွက် နိုင်ငံတော်သမ္မတ အဖြစ် မတ်လ ၃၀ ရက်နေ့က ကတိသစ္စာ ပြုပြီးနောက်ပိုင်း ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၃၀ ရက်နေ့က ကတိသစ္စာပြုပြီး နောက်ပိုင်း ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်လာမည် |
နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံသို့ သွား ရောက်သည့်ခရီးစဉ်ဖြစ်ပြီး မေလ ၅ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း ဖြစ် သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ စီးပွားရေး၊ နည်းပညာနှင့်အခြား အကူအညီများကို ပေးအပ်နေသလို မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ မြန်မာနှင့် တရုတ်နိုင်ငံ သည် နယ်နိမိတ် ထိစပ်နေရုံသာမက နှစ်နိုင်ငံကုန်သွယ်ရေးမှာ တစ်နှစ် ထက် တစ်နှစ် တိုးတက်လာသည် ဟု သိရသည်။ |