Pages

Friday, June 24, 2011

မန္တလေး ၊နေပြည်တော်နှင့် မေမြို့ တွင် ဗုံးငါးလုံး ပေါက်ကွဲ


Bombexplosion3
13
2
 
မဲပေးပါ

မြန်မာ နိုင်ငံ ၏ ဒုတိယ မြို့ တော်ဖြစ်သည့်  မန္တလေး၊ စစ်အစိုးရ ရုံးစိုက် ရာ နေပြည်တော် နှင့်
စစ်တက္ကသိုလ် ရှိရာ ပြင်ဦးလွင် (မေမြို့ ) တို့ တွင် သောကြာနေ့ တစ်ရက် တည်း မှာ ပင် ဗုံး
ပေါက်ကွဲ မှု တစ်ပြိုင် နက် တည်း ဖြစ်ခဲ့ ကြောင်း FNG မှ သတင်း ရရှိသည်။
မန္တလေးမြို့ တွင် မူ ဈေးချို ဟိုတယ် ရှေ့ ဉ် ပေါက်ကွဲခြင်း ဖြစ်ပြီး နေပြည်တော်တွင် မူ ဇမ္ဗူသီရိမြို
ရှိ သပြေ ကုန်း ရပ်ကွက် တွင် ပေါက်ကွဲခြင်း ဖြစ်သည်။ မန္တလေး ဈေးချို ဟိုတယ် အနီးပေါက် ကွဲ
မှု တွင် တန်းဖိုး ကြီး မော်တော် ကား တစ်စီး ပျက်စီးသွား ပြီး အနည်း ဆုံး လူလေး ဦးထိခိုက် ဒဏ်
ရာ ရရှိ ခဲ့သည်။
သပြေကုန်းရပ်ကွက်မှာ နေပြည်တော် သပြေကုန်းဈေး၊ ပွဲရုံတန်းများ၊ ရေပန်း ဥယျာဉ်၊ အဆင့်မြင့်
ရုပ်ရှင်ရုံ၊ ကျောင်းနှင့် အစိုးရဌာနဆိုင်ရာရုံးများ၊ ကျောက်မျက်ရတနာပြတိုက် များ တည်ရှိပြီး နေ
ပြည်တော်ရှိ အရပ် သား များ နေသည့် နေရာများ တွင် တန်ဖိုး မြင့် အိမ်ရာ အဆောက် အဦ များ
ရှိသည်။
၂၀၁၀ ခုနှစ် မြန်မာ နှစ် သစ်ကူး သင်္ကြန် ကာ လ ဗုံးပေါက် ကွဲ မှု ဖြစ်ပွား ပြီး နောက် ယခု တစ်ခေါက်
ပေါက်ကွဲမှု မှာ ပြည်သူများ ကို အထိတ်လန့် ဆုံး ဖြစ်စေသည် ဟု ရန်ကုန် မြို့ မှ သတင်း အယ်ဒီတာ
တစ်ဦး က ပြောသည်။
နေပြည်တော် တွင် နှစ် အတွင်း တတိယ အကြိမ်မြောက် ဗုံးပေါက်ကွဲ ခြင်း ဖြစ်သည်။
မေလ အတွင်း က တစ်ကြိမ်နှင့် ဇွန် လ ဆန်း က တစ်ကြိမ် ဗုံးပေါက်ကွဲမှု များနေပြည်တော်တွင်
ဖြစ်ပွား ခဲ့သေး သည်။
FNG မှ နောက်ဆုံး ကြား သိရသည့် သတင်းများ အရ မန္တလေး မြို့ တွင် နောက်ထပ် ဗုံး တစ်လုံး
ပေါက်ကွဲ ပြီး ပြင်ဦးလွင် (မေမြို့ ) တွင် မူ လူမရှိ သည့် အိမ် များ ဉ် ဗုံးပေါက် ကွဲမှု များ ဖြစ်ပွား
ခဲ့သည်။
မန္တလေးမြို့  တွင် နောက် ထပ် ဗုံး ပေါက်ကွဲ မှု မှာ ၈၄ လမ်း မ ပေါ် ၃၁ လမ်း နှင့် ၃၂ လမ်းကြား တွင်
ယနေ့ ညနေ သုံး နာရီ ခွဲ အချိန် ခန့် က ထပ်မံ ပေါက်ကွဲ ခဲ့ မှု တစ်ခု ပေါ်ပေါက်ခဲ့သည်။