Pages

Sunday, June 19, 2011

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းကော်မတီအပါအ၀င်ဘာမှအသုံးမကျပဲ ပြည်သူ့ဘဏ္ကာကို ဖြုန်းတီးနေတဲ့ အဖွဲ့အစည်း ၂၉ ခုကို နိုင်ငံတော်ဖွတ် ရုံးက ဖျက်သိမ်း


PDF Print
Sunday, 19 June 2011 13:34
AddThis Social Bookmark Button
6388
နိုင်ငံတော်၏ နိုင်ငံရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ကော်မတီများနှင့် ပြောဆိုရေးရာ အာဏာပိုင်အဖွဲ့ အပါအ၀င် အဖွဲ့အစည်း ၂၉ ခုကို နိုင်ငံတော်သမ္မတရုံးက ဖျက်သိမ်းကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၁ ဖြင့် နိုင်ငံတော်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဖွဲ့စည်းပေးထားသော အဖွဲ့အစည်း ၂၉ ခုကို ဖျက်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
ဖျက်သိမ်းလိုက်သည့် အဖွဲ့အစည်းများထဲတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊  ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင် အဆောက်အအုံများ အစိုးရရုံးဌာန အဆောက် အဦများ၊ ဌာနဆိုင်ရာ လူနေအိမ်များ လွှဲပြောင်းအပ်နှံရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများ စိစစ်ကြပ်မတ်ရေး ဦးစီးကော်မတီ၊ နိုင်ငံတော် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေးစီမံကိန်းဦးဆောင် ကော်မတီနှင့် နိုင်ငံတော်လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းကော်မတီ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကြီးကြပ်မှု ဗဟိုအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး ကော်မတီ၊ မြန်မာနိုင်ငံရေ အရင်းအမြစ်ဆိုင်ရာ ကော်မတီ၊ အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့ရှိ  ရိုးရာလက်မှုပစ္စည်းများဆိုင်ရာ လက်တွေ့သရုပ်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ အမျိုးသားဒစ်ဂျစ်တယ် ရုပ်မြင်သံကြားနှင့်  အသံလွှင့်ကော်မတီ၊ ကမ္ဘာ့သတင်း လေ့လာသုံးသပ်ရေး အဖွဲ့နှင့်ကမ္ဘာ့သတင်း လေ့လာသုံးသပ်ရေး ကော်မ တီ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ၊ ပြောင်းရွှေ့အင်အားစိစစ်ရေးနှင့် အဆောက်အဦ လွှဲပြောင်းလက်ခံမှု ကြီးကြပ်ရေးအဖွဲ့၊ ရန်ကုန်တိုင်း ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီတို့ကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ထို့အတူ အဖွဲ့အစည်း ၂၉ ခု ထဲတွင် ယာဉ်နှင့်လမ်းတံတား ဆိုင်ရာ ဖျက်သိမ်းခဲ့သော အဖွဲ့အစည်းများမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ မော်တော်ယာဉ် မသုံးစွဲရနေ့ စစ်ဆေးကြပ်မတ်ရေး ကော်မတီ၊ လမ်းတံတားများ ကြံ့ခိုင်မှု အတွက် စစ်ဆေးပြုပြင်ရေး အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
လွှတ်တော်နှင့် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့် ကိုယ်စားလှယ်များ စိစစ်ရေးအဖွဲ့တို့ကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ကျန်းမာရေး၊ လူမှုရေးကဏ္ဍ နှင့်ပတ်သက်၍  ပရဆေးဥယျာဉ် နေပြည်တော် တိုးချဲ့အဆင့်မြှင့်တင်ရေး ဗဟိုကော်မတီ၊ အာဆီယံနိုင်ငံများရှိ သမိုင်းဝင် အဆောက်အအုံများနှင့် အခြားယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ  ထိန်းသိမ်းမှု နည်းလမ်းများနှင့်နည်း ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့်လုပ် ငန်းကော်မတီ၊ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များပြန်လည် စိစစ်ရေးဗဟိုကော်မတီတို့ကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဒေသ တည်ဆောက်ရေး စီမံကိန်း ကြီးကြပ်မှုဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ၊ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ကော်မတီတို့ကိုလည်း ဖျက်သိမ်းခဲ့ပါသည်။
ဖျက်သိမ်းခဲ့သည့် အခြားသော အဖွဲ့အစည်းများမှာ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေ မူကြမ်းရေးဆွဲရေး စီမံခန့်ခွဲမှုကော်မတီ၊ ဆည်မြောင်း တာတမံများအတွက် စစ်ဆေးပြုပြင်ရေး အဖွဲ့၊ ကိုးကန့်ဒေသ ဖွံ့ဖြိုးရေးဦးစီး ကော်မတီတို့ဖြစ်ကြောင်း သိရှိရသည်။