Pages

Saturday, November 19, 2011

ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်မည့် သတင်းများက သတင်းကောင်းများဖြစ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတကိုထိပ်ပြောင်က မှတ်ချက်ပြု


  PDF Print E-mail
AddThis Social Bookmark Button
အမေရိကန်သမ္မတ အိုဘားမား ၏ သဘောထားနှင့် ဒေါ်အောင် ဆန်းစုကြည်ပါတီ မှတ်ပုံတင်မည့် သတင်းများမှာ သတင်းကောင်းများ ဖြစ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၉ရက် နေ့တွင် မြန်မာသတင်းသမားများ နှင့်တွေ့ဆုံချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မှတ်ချက်ပြု ပြောဆိုခဲ့ပါသည်။
''ဒီကနေ့ပဲ ကျွန်တော် ကျွန်တော့် မိတ်ဆွေတွေ ပြောပါတယ်။  မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတင်းကောင်းလေးခု ကျွန်တော်တို့ရှိပါတယ်။ တစ်အချက်ကတော့ မစ္စတာ သမ္မတ အိုဘားမားက ကျွန်တော်တို့ နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သူဖော်ထုတ်ပြီး ပြောသွားတာ။ ဒါကလည်း ကျွန်တော် တို့ နိုင်ငံအတွက် သတင်းကောင်းပဲ။ နောက်တစ်ခွန်းကတော့ နိုင်ငံခြား ရေးဝန်ကြီး မစ္စကလင်တန်လာဖို့ရှိ တာ၊ ဒါလေးလည်း သူကြေညာ သွားပါတယ်။ ဒီဟာလည်း ကျွန်တော်တို့အတွက် သတင်းကောင်းပါပဲ''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
''နောက်သတင်းကောင်း တစ်ခုကတော့ နောက်ကနေပြီးတော့ ကျွန်တော်လှမ်းပြီးတော့ ကြားတာ။ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ပါတီပြန်ပြီးတော့ မှတ်ပုံတင်မယ်။မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်မယ်။ ဘာပဲဖြစ်ဖြစ် မှတ်ပုံတင်မယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတာဟာ အခွင့်အလမ်းပါပဲ။ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးချယ်ခံရတယ်ဆိုရင် ဒါလွှတ်တော်ထဲ ရောက်လာမှာပါပဲ။ လွှတ်တော်ထဲရောက်ရင် တန်းတူ ညီတူ ခင်ဗျားတို့လည်း သိနေတာပဲ။ မေးစရာရှိတာတွေမေး၊ ပြောစရာရှိတာတွေပြော၊ ဒါကတော့ တန်းတူရည်တူ ပြောကြပြုကြ ဒါ ကျွန်တော်တို့တွေ ရသွားတာပဲ။ ဒီဟာကျွန်တော်တို့ကောင်းတဲ့ လက္ခဏာပါပဲ။  ဒေါ်အောင်ဆန်းစုကြည် လည်းရွေးကောက်ပွဲဝင်မယ် ပြုမယ် ဆိုတာ ဒါလည်း ကျွန်တော်တို့အတွက် မင်္ဂလာသတင်းကောင်းပဲ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
ထို့အပြင် ကျင်းပနေဆဲဖြစ်သော(၂၆)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်များ ရရှိလာခြင်းကလည်း သတင်းကောင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
''နောက်သတင်းတစ်ခုကတော့ အခုကျွန်တော်တို့က ဆီးဂိမ်းမှာ တော်တော်လေး မျက်နှာငယ်နေရတယ်။အခုတော့ ရွှေတွေဘာတွေ နောက်ထပ်ရှစ်ခုလောက် ထပ်ရတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူစရာပါပဲ''ဟု ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် မြန်မာသတင်းသမားများ တွေ့ဆုံနေချိန်တွင် မြန်မာအသင်းနှင့် မလေးရှားဘောလုံးအသင်းတို့မှာ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေစဉ် အချိန်နှင့်တိုက်ဆိုင်နေပြီး မြန်မာအ သင်း အနိုင်ရရှိအောင် သူနှင့်အတူ ဆုတောင်းပေးစေလိုကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က သတင်းထောက်များကို ပြောကြားခဲ့သည်။သို့ရာတွင် မြန်မာအသင်းမှာ ပွဲချိန် ၈၅ မိနစ်တွင်မှ သွင်းယူခံရသောဂိုးဖြင့် တစ်ဂိုး-ဂိုးမရှိဖြင့် မလေးရှားကို ဆီမီးဖိုင်နယ်တွင် အရေးနိမ့်သွားခဲ့သည်။