Pages

Wednesday, December 28, 2011

CNN ၏ ၂၀၁၂ ခုနှစ်အတွက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာများတွင် မြန်မာပါဝင်

 
မြန်မာနိုင်ငံအား ဖော်ရွေပျူငှာမှုနှင့် ဧည့်ဝတ်ကျေပွန်မှုရှိသော နေရာတစ်ခုအဖြစ် နာမည်ကျော် Lonely Planet မှ အယ်ဒီတာ ရောဘတ်ရိဒ်က ရည်ညွန်း
Posted on Dec 28 11 - 05:26 PM | Hits : 220
CNN ၏ ၂၀၁၂ ခုနှစ်အတွက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာများတွင် မြန်မာပါဝင်
CNN သတင်းဌာနက ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။ CNN က ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် Lonely Planet, Altour, Smarter Travel, Orbitz, Travel+Leisure, Budget Travel တို့မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၏ အကြံပြုချက်များအရ ယခုစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။



(မြန်မာနိုင်ငံအား သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာအဖြစ်

ရွေးချယ်ဖော်ပြထားသည့်သတင်းအား CNN ဝက်ဘ်ဆိုက်တွင် တွေ့ရစဉ်)


မြန်မာနိုင်ငံအား ဖော်ရွေပျူငှာမှုနှင့် ဧည့်ဝတ်ကျေပွန်မှုရှိသော နေရာတစ်ခုအဖြစ် နာမည်ကျော် Lonely Planet မှ အယ်ဒီတာ ရောဘတ်ရိဒ်က ရည်ညွန်းခဲ့သည်။ CNN ၏ ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ထိပ်တန်းနေရာများတွင် အင်္ဂလန်နိုင်ငံက နံပါတ် ၁ နှင့် မက္ကစီကိုနိုင်ငံရှိ World of the Maya က နံပါတ် ၂ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်အတွက် CNN က ရွေးချယ်ခဲ့သည့် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အင်္ဂလန်

၂။ မက္ကစီကိုရှိ World of the Maya

၃။ မြန်မာ

၎။ ချီကာဂိုမြို့

၅။ St. Vincent and the Grenadines

၆။ နယ်သာလန်

၇။ ကနေဒါရှိ Atlantic Canada

၈။ ဥရုဂွေး

၉။ အော်လန်ဒိုမြို့

Source: CNN

www.planet.com.mm