Pages

Sunday, December 6, 2009

နာမည်ဖျက်တဲ့မေးလ် လက်ဝယ်ရှိသူကို တရားစွဲဆိုနိုင်


5/Dec/2009



        ထပ်ဆင့်ဖြန့်တဲ့  အီးမေးလ်(Forward mail) တွေကနေ နာမည်ဖျက်တဲ့

အီးမေးလ်တွေကို တစ်ဆင့်ပြန်ဖြန့်တာမျိုး၊ ဒါမှမဟုတ် မိမိအကောင့်ထဲမှာရှိရင်

လက်ဝယ်ရှိသူကို တရားစွဲဆိုနိုင်တယ်လို့တရားရုံးချုပ်ရှေ့နေဦးအောင်စိုးဦးထံ

မှ သိရတယ်။ ဦးအောင်စိုးဦးက “ဒီနောက်ပိုင်းမှာ တချို့က ကိုယ်မကျေနပ်တဲ့

သူ၊ သိက္ခာချချင်တဲ့သူတွေကို ဒီလူက လူယုတ်မာပါ၊ဘယ်လိုဖြစ်ပါတယ်ဆိုပြီး

မေးလ်တွေကနေ နာမည်ဖျက်ကြတယ်၊ မေးလ်ရသူတွေကလည်းထပ်ဆင့်ဖြန့်

ကြတယ်၊ အဲလိုကိစ္စမျိုးဆိုရင် အမည်ဖျက်တဲ့မေးလ် လက်ဝယ်ရှိသူကိုတရားစွဲ

လို့ရတယ်” လို့ပြောပါတယ်။မေးလ်တွေကထပ်ဆင့်ထပ်ဆင့်ဖြန့်သွားရင်လည်း

အကောင့်နာမည်တွေက ပါလာပါတယ်။ အကောင့်တွေကတစ်ဆင့်တရားစွဲဆို

နိုင်တယ်လို့ သိရတယ်။ ဦးအောင်စိုးဦးက “တစ်ဆင့်အီးမေးလ်တွေကို ဖြန်ဖြူး

သူတွေကလဲ  သတိထားစေချင်တယ်၊  ကာယကံရှင်က နစ်နာလို့ တရားစွဲရင်

လက်ဝယ်ရှိသူအဆင့်ဆင့်ကိုဆက်ဆက်လိုက်ရင်ကိုယ်လဲအလုပ်ရှုပ်နိုင်တယ်”

လို့ ပြောပါတယ်။ တချို့လူငယ်တွေက သတိပေးတဲ့မေးလ်တချို့ကိုလက်ဆင့်

ကမ်း ဖြန့်ဝေကြပေမဲ့  တချို့ကတော့  အဲသည်မေးလ်တွေ သိပ်မယုံတော့ဘဲ

နောက်ပိုင်းမှာ ထပ်မဖြန့်တော့ဘူး။အဲသည်မေးလ်မျိုးဝင်လာရင်ဖျက်ပစ်လိုက်

တယ်လို့ အွန်လိုင်းမှာ ချက်တင်ထိုင်သူ လူငယ်အချို့ကို မေးမြန်းချက်အရသိ

ရကြောင်း ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်

တွင် ဖော်ပြထားပါသည်။