5/Dec/2009 |
ဓါတ်ခွဲခန်းဆေးစစ်ချက်အဖြေများမှာ တစ်ခုနှင့်တစ်ခု၊ တစ်နေရာနှင့်တစ်နေ ရာတွင် အဖြေမတူညီသော ကြောင့် သေရေးရှင်ရေးတမျှ အရေးကြီးသော လူနာ ဆိုပါက ဓါတ်ခွဲခန်း ၂ခု၊ ၃ခုတွင်စစ်ဆေးစေကာအဖြေကိုတိုက်ဆိုင်စစ်ဆေးနေရ ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာမီမီကိုက ပြောသည်။ ယင်းသို့ တစ်နေရာနှင့် တစ်နေရာ အဖြေ မတူညီရခြင်းမှာ စက်ပစ္စည်း၏ချွတ်ယွင်းမှု၊ စစ် ဆေးရာတွင် အသုံးပြုမှုနှင့် အဖြေကို အမှတ်တစ်ခုတည် မဟုတ်ဘဲ ၇ မှ ၁၀ အ တွင်းစသဖြင့် ပျမ်းမျှနှုန်းထားဖြင့် တွက်ချက်ရသည် ဖြစ်၍ မှားယွင်းမှုတို့ကြောင့် ဖြစ်နိုင်သည်ဟု ၄င်းကပြောသည်။ ရောဂါတစ်ခုအမည် တပ်ရတော့မည်ဆိုပါက တိကျစေရန် ၂ နေရာ၊ ၃နေရာ စစ်ဆေးရခြင်းကြောင့် ငွေကုန်ကြေးကျများခြင်း၊ လူနာမှာ စိတ်ရောလူပါ ပင်ပန်းပြီးတစ်ခါစစ်ပြီးပါက နောက်တစ်ခါထပ်မစစ်ဆေး ချင်ကြတော့ သောကြောင့် ဆရာဝန်များမှာ ဆေးစစ်ချက် အဖြေတစ်မျိုးကိုသာ ကြည့်၍ဆုံဖြတ်နေရသည်က များကြောင်း၊ဓါတ်ခွဲခန်းများမှလည်းဓါတ်ခွဲခန်းတွင် သုံးသည့် ကိရိယာများကို ဝယ်ယူသည့်ကုမ္ပဏီတွင် ပြန်လည် စစ်ဆေးနိုင်သော် လည်း ကုန်ကျစရိတ်များသောကြောင့် ပြန်လည် မစစ်ဆေး ကြကြောင်း၊ ဓါတ်ခွဲ ခန်းအဖြေများမှာ မှားယွင်းနိုင်သည်ဟု ယူဆထားသောကြောင့်လူနာမှာပေါ့ပေါ့ တန်တန်နေမိပါက ရောဂါ အချိန်မီ မကုသနိုင်ဘဲ အသက်ဆုံးရှုံး ရနိုင်ကြောင်း ၂၀၀၉ခုနှစ်ဒီဇင်ဘာလ ၃ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထား ပါသည်။ |