ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် နေကြတ်မှုကို မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ မြင်တွေ့ခဲ့ကြသည့်အနက် ရန်ကုန်မှ ၇၄ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် နေ့လည် ၁ နာရီ မိနစ် ၂၀ မှ ညနေ ၄ နာရီ မိနစ် ၃၀ မိနစ်အတွင်း တစ်စိတ်တစ်ပိုင်း မြင်တွေ့ခဲ့ကြသည်။ နေကြတ်မှုဖြစ်စဉ်တွင် နေကြတ်လမ်းကြောင်းသည် ရခိုင်ကမ်းရိုးတန်း၊ ထားဝယ်၊ ငပလီ၊ ရန်ကုန်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ပုဂံနှင့် ညောင်ဦးတို့ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင်ပါရှိသည့် ဒေသများမှ ပိုမိုထင်ရှားစွာဖြင့် ၈၃.၄၄ ရာခိုင်နှုန်းအထိ မြင်တွေ့ခဲ့ရကြောင်း သိရသည်။ ယခုဖြစ်ပေါ်မည့် နေကြတ်မှုသည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မြန်မာနိုင်ငံမှ ၈၈.၃၃ ရာခိုင်နှုန်းအထက် မြင်ခဲ့ရကြောင်း သိရသည်။ ![]() ![]() ![]() ![]() |
credit:weekly eleven journal