January 9, 2010 · Leave a Comment

တူရာသီ၏ သင်္ကေတ
အဆာဟိ သတင်းစာတွင် ဖော်ပြထားသည့် မြန်မာ စစ်အာဏာရှင် တို့ ကျင်းပမည့် ရွေးကောက်ပွဲ နေ့ စွဲမှာ ဆယ်ရက်၊ဆယ်လ နှစ်ထောင့် တစ်ဆယ် ဖြစ်သဖြင့် ၁၀ သုံးလုံးသွားရောက် ကြုံကြိုက်နေ သည့် အချိန် ဖြစ်သည် ဟု ဖော်ပြပါရှိသည်။
မြန်မာ နိုင်ငံရေး သမိုင်းကြောင်းတွင် အောက်တိုဘာ လ သည် ထူးခြားသော
နိုင်ငံရေး လှုပ်ရှားမှု များ ပေါ်ပေါက်ခြင်းမရှိ သဖြင့် ရွေးချယ် ခြင်းဖြစနိုင်သည် ဟု
နိုင်ငံရေး အကဲခတ် တစ်ဦး ဖြစ်သူ လသာ မှ ဦးကျော်စွာ ကပြောသည်။
ပွင့်လင်းရာသီသို့ ဝင်ရောက်သည့် ပထမ ဦးဆုံး လ ဖြစ်ပြီး ပွဲလမ်းသဘင်များ ပေါများသဖြင့်ပြည်သူ တို့  အကျပ်အတည်း နှင့် မပြေလည် မှု များကို ခေတ္တခဏ မေ့လျှော့
နေသော လလည်း ဖြစ်သည်။
ဗေဒင် ၊ နက္ခတ်များကို ယုံကြည်သော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး၏ ကံကြမ္မာ
သည် အောက် တိုဘာ လ ၁၀ ရက် နေ့ တူရာသီ တွင် တိုင်ထိပ်မှာ ရှိ နေခြင်းကြောင့် ပြု
လုပ်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် မြို့ ရှိ ဗေဒင် ဆရာတစ်ဦးက Freedom News Group
သို့ ပြောသည်။
တူရာသီ ၏ သင်္ကေတသည် ဘယ်ညာ ဆတူ ညီမျှာသော ချိန်ခွင် ကို ကိုင်ထားသည့် (The Golden Scales) ကို ကိုင်ထားခြင်းကြောင့် ပြည်သူများက တရားမျှ တစွာ ပြုလုပ်
မည့် ရွေးကောက်ပွဲဟု ထင်ရအောင် ကြံစည်ခြင်း ဖြစ်သည်။
အောက်တိုဘာ လ ၁၀ ရက် နေ့ သည် မားစ် ခေါ် အင်္ဂါဂြိုလ် ၏ အလွန် အားကောင်းနေ
သောကာလ ဖြစ်၍ အင်္ဂါနံ ဖြစ်သည့် စစ်ရေး အသာစီးရ အောင် စီမံခြင်းဖြစ်နိုင်သည် ဟု
ထိုဗေဒင်ဆရာ က သုံးသပ် ပြောကြားသည်။
မြန်မာ လောကီ အစီအရင်များကို လေ့လာ လိုက်စားသည့် တောင်ဥက္ကလာ ပ ကြခတ်ဝိုင် မှ ဘုန်း
တော်ကြီး တစ်ပါးက လည်း “အိမ်း မြန်မာ လောကီမှ သုည ဂဏန်း တို့ ဝ လုံး တို့ ကို သုံးတယ်
ဆို တာ ရန်ဘက် ကို တန် ပြန်ထားတဲ့ အစီအရင် တွေ ဖြစ်ကြောင်း မိန့် သည်။