ဥရောပတိုက်တစ်လွှားတွင် ဆီး နှင်းများထူထပ်စွာကျဆင်းနေ၍ လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်း ခဲ့ရသကဲ့သို့ အဓိကအဝေးပြေးလမ်း မကြီးများနှင့် ရထားလမ်းများပိတ် ထားခဲ့ရကာ လျပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်ခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ဂျာမနီအစိုးရက လာမည့်လေး ရက်စာအတွက် စားနပ်ရိက္ခာနှင့်ဆေး ၀ါးများလုံလောက်စွာ ၀ယ်ယူထားရန် အတွက် နှိုးဆော်ခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်တိုက်တွန်း ခဲ့သည်။ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ ရှိ ဥရောပတိုက်၏ တတိယအကြီးဆုံး လေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၀၀ ကျော်ဖျက်သိမ်းခဲ့ရကြောင်းသိ ရသည်။ ဆီးနှင်းအလွန်အမင်းကျဆင်း နေ၍ပြင်သစ်နှင့်ဂျာမနီထိစပ်နေသော နယ်စပ်ကို ပြင်သစ်နိုင်ငံဘက်ကပိတ် လိုက်ခြင်းကြောင့် ယင်းနှစ်နိုင်ငံအကြား ရှိ A5 အဝေးပြေးလမ်းမတွင်ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်လည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ဆီးနှင်းများဆိုးရွား စွာကျဆင်းနေပြီး နိုင်ငံအရှေ့ပိုင်းတွင် ဆီးနှင်း ၂၀ စင်တီမီတာ (ခုနစ်လက် မ)အထူအထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်။ ရာသီဥတုဆိုးရွား နေခြင်းကြောင့် ပရီးမီးယားဘောလုံး ပွဲအချို့နှင့် ရပ်ဘီကစားပွဲအချို့ကို ရွှေ့ဆိုင်းထားသည်။ လန်ဒန်မြို့၊ ဟိုင် ဒီပန်းခြံရှိ Serpentine River အမည် ရသော ၂၈ ဧကအကျယ်ရှိသည့်ရေ ကူးကန်သည်လည်း ရေခဲသည့်အခြေ အနေဖြစ်ပေါ်၍ နှစ်ပေါင်း ၁၄၀ အ တွင်း ပထမဆုံးအကြိမ်ပိတ်ခဲ့ရသည်။ ပြင်သစ်တွင် ဆီးနှင်းအလွန်အ မင်းကျဆင်းခဲ့၍ ရထားလမ်းဝန်ဆောင် မှုနှောင့်နှေးခဲ့ပြီး နိုင်ငံတောင်ပိုင်းဒေသများ၌ အနည်းဆုံးအိမ်ထောင်စု ၇၀၀၀ ခန့်လျပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ သည်ဟု သိရသည်။ ဗြိတိန်ရှိ အဓိက ကုမ္ပဏီ ၂၇ ခုကိုလည်း မလိုအပ်ဘဲ ဓာတ်ငွေ့အသုံးမပြုရန် ညွှန်ကြားထား သည်ဟုသိရသည်။ အိုင်ယာလန်နိုင်ငံ တွင်လည်း ၁၉၆၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဆီးနှင်းကျဆင်းမှုကြုံ တွေ့ခဲ့ရပြီး ဒပ်ဘလင်မြို့လေဆိပ်ကို လည်းပိတ်ထားခဲ့ရပြီး အစိုးရကျောင်း အချို့အား ဇန်န၀ါရီ ၁၄ ရက်နေ့အထိ ပိတ်ထားရန် ပညာရေးဝန်ကြီးက ညွှန်ကြားထားသည်။ နယ်သာလန်နိုင်ငံတွင်လည်းနိုင်ငံ အလယ်ပိုင်းနှင့်အရှေ့မြောက်ပိုင်းရှိ ကန်သုံးကန်၌ ရေခဲပြင်စကိတ်စီးနိုင် သော အခြေအနေရောက်ရှိခဲ့၍ ပြိုင်ပွဲ ပြုလုပ်ခွင့်ပေးခဲ့ကြောင်း သိရသည်။ |