
ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ လူအတွက်အန္တရာယ်ရှိတဲ့ သတ္တဝါတွေနဲ့ပြည့်နေတာဖြစ်ပါတယ်။ တချို့နေရာတွေဆို လူတွေအတွက် ဘယ်လောက်သေစေပြီး ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ အားလုံးသိကြပါတယ်။ မေးခွန်းတစ်ခုကတော့ ကမ္ဘာပေါ်မှာ ဘယ်သတ္တဝါက အန္တရာယ်အရှိဆုံးလဲဆိုတာဘဲဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့တချို့ပုံတွေဆိုရင် တော့ သင်တောနက်ထဲ သွားတဲ့အချိန်မှာ လုံးဝမတွေ့ခြင်ဆုံးတိရိစ္ဆာန်တွေလဲ ပါမှာဖြစ်ပါတယ်။ ကမ္ဘာ့အန္တရာယ်အရှိဆုံး သတ္တဝါဟာ ဘာလဲ လို့ ကျွန်တော်ပြောလိုက်ရင်တော့ သူငယ်ချင်းတို့ အားလုံး အံ့သြသွားမှာကျိန်းသေပါတယ်။ တကယ်တော့
ကမ္ဘာအန္တရာယ် အရှိဆုံး သတ္တဝါဟာ သူငယ်ချင်းတို့ လုံးဝထင်မထဲ ခြင် ဆိုတဲ့ သေးငယ်တဲ့သတ္တဝါလေးတစ်ကောင်ပါဘဲ။ ကမ္ဘာပေါ်မှာ နှစ်စဉ် ခြင်ကိုက်လို့ လူပေါင်း (၂)သန်း ကနေ (၃)သန်း အထိ အသက်ဆုံးရှုံးနေကြရပါတယ်။ ခြင်မှဖြစ်တဲ့ရောဂါတွေကိုတော့ အားလုံးသိပြီးသားပါ ငှက်ဖျားရောဂါ တမျိုးတည်းမကပါ West Nile ဗိုင်းရပ် ၊ အသည်းရောင်အသားဝါ ၊ ဆင်ခြေထောက် ၊သွေးလွန်တုတ်ကွေး.. စသည့်ရောဂါများဖြင့်လူများကိုသေစေပါသည်။ ခြင်အန္တရာယ်အရှိဆုံး နေရာတွေကတော့ အာဖရိက၊ မြောက်အမေရိက နှင့် အာရှတိုက်တို့မှာဘဲဖြစ်ကြပါတယ်။

ဒုတိယ အန္တရာယ်အရှိဆုံးသတ္တဝါတွေကတော့ အဆိပ်ရှိတဲ့ မြွေတွေဘဲဖြစ်ပါတယ်။ အဆိပ်ရှိတဲ့ မြွေမျိုးစိတ်ပေါင်း ၄၅ဝ မှာ ၂၅ဝ ဟာ လူကိုသေစေနိုင်တဲ့ အဆိပ်ပြင်းမြွေတွေဘဲဖြစ်ပါတယ်။ ထိုအဆိပ်ရှိတွေကြောင့်လည်း နှစ်စဉ် ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း ၅ဝဝဝဝ နဲ့ ၁၂၅ဝဝဝ ကြား အသက်ဆုံးရှုံးနေရပါတယ်။ ထိုကဲ့သို့ အဆိပ်ပြင်မြွေများကိုလည်း အာဖရိကတိုက်၊ မြောက်အမေရိကတိုက် နှင့် အာရှတိုက်တို့ မှာဘဲ အများဆုံးတွေ့ရှိရတာဖြစ်ပါတယ်။ မြွေဆိပ်ဟာ မိနစ်ပိုင်းအတွင်းမှာပင် လူသွေးထဲမှာ ပျော်ဝင်သွားပြီး အားအင်ချိနဲ့ သွားစေပါတယ်။

တတိယ အန္တရာယ်အရှိဆုံး သတ္တဝါကတော့ ကင်းမှီးကောက်ဘဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကင်မှီးကောက် မျိုးစိတ်ပေါင်း ၂၅ မျိုးရှိပါတယ်။ အကုန်လုံး အန္တရာယ်ရှိတယ်လို့သတ်မှတ်လို့ရပါတယ်။ နှစ်စဉ် ကင်မှီးကောက်ကြောင့် ကမ္ဘာပေါ်မှာ လူဦးရေပေါင်း ၈ဝဝ မှ ၂ဝဝဝ ကြားအသက်ဆုံးရှုံးလျှက်ရှိနေပါတယ်။ ကင်းမှီးကောက်များကို အများဆုံးတွေ့ရတဲ့နေရာတွေကတော့ အာဖရိကတိုက်၊ အာရှကုန်းတွင်းပိုင်း နှင့် အမေရိကတိုက်တို့မှာ အများဆုံးတွေ့ရပါတယ်။ ကင်းမှီးကောက်များဟာ နေ့ဖက်ထက် ညဖက်တွေမှာပိုပြီး သွားလာလှုပ်ရှားကြပါတယ်။

စတုထ္ထ အန္တရာယ်အရှိဆုံးသတ္တဝါကတော့ ကြောင်ကြီးမျိုး (big cat) ခြင်္သေ၊ တောင်ခြင်္သေ နှင့် ကျား တို့ဘဲဖြစ်ပါတယ်။ တိုသတ္တဝါတွေကြောင့်လည်း နှစ်စဉ် ကမ္ဘာပေါ်မှာ လူပေါင်း ၈ဝဝ လောက်ဟာ အသက်ဆုံးရှုံးနေရပါတယ်။ ထိုသတ္တဝါတွေဟာ သူတို့ရဲ့သားကောင်တိုင်းကို တိုက်ခိုက်ပြီဆိုရင် လည်ပင်မှာရှိတယ် သွေးကြောမကြီးကို ပထမဆုံး ကိုဖြတ်သတ်တာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိုသတ္တဝါမျိုးနှင့် ရင်ဆိုင်ရပြီ ဆိုပါက ဘယ်တော့မှ ထွက်မပြေးပါနှင့် ထွက်ပြေးပါက ကျိန်းသေပေါက် သေမှာ ဖြစ်ပါတယ်။ မျက်နှာခြင်ဆိုင်ပြီး သူ့မျက်စိထဲမှာ ကိုယ့်ရဲ့ကိုယ်ခန္ဓာကို ကြီးမားအောင်လုပ်ပြပါ။ သူတို့စိတ်ထဲမှာ သင်ဟာ အလွန်သန်စွမ်းတဲ့ သတ္တဝါတစ်ကောင်ဖြစ်တဲ့ပုံစံမျိုးလုပ်ပြပါ။ ကြောက်ပေမဲ့လည်း(ပြန်ပြီးဖြဲချောက်ပါ) သင့်ကို ချက်ခြင်းဘယ်တော့မှ ဝင်ရောက် တိုက်ခိုက်တော့မှာမဟုတ်ပါဘူး။ နောက်တစ်ချက်ကတော့ သစ်ပင် ရဲ့ ပင်စည်ကို ကျောကပ်ထားပြီး ကိုယ်ကို အန္တရာယ် ပြုမဲ့ တောကောင်ကို မျက်နှာခြင်းဆိုင်ထားပါ။ ဘာကြောင့်လဲ ဆိုတော့ ကျား၊ ခြင်္သေတို့ ဟာ သူတို့ရဲ့သားကောင်ကို ခွေးဆွဲမဆွဲတတ်ပါ ခုန်အုပ်ပြီးမှဖမ်းစားတတ်သောကြောင့်ဖြစ်ပါတယ်။
ဖော်ပြခဲ့တာ ကမ္ဘာ့အန္တရာယ်အရှိဆုံး တိရိစ္ဆာန် ၄ မျိုးသာဖြစ်ပါတယ်။ အန္တရာယ်အရှိဆုံး ၁ဝ မျိုးမှာ ဆိုရင်တော့ မိချောင်း၊ ဆင်၊ ရေမြင်း၊ ရေခူ၊ ငါးမန်းနှင့် ဝက်ဝံ တို့ဘဲဖြစ်ပါတယ်။