|
|
|
|
|
တနင်္လာနေ့က ကုလအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းသည် လုံခြုံရေး
ကောင်စီအား ငလျင်ဘေးထိရာ ဟေတီဒေသသို့ ရဲနှင့် ကယ်ဆယ်ရေး တပ်
၃၅၀၀ ခန့် ထပ်မံ စေလွှတ်ရန် တောင်းဆိုလိုက်သည်။ ဟေတီ ငလျင်တွင်
ကုလ၀န်ထမ်း ၄၆ ဦး သေဆုံးခဲ့သည်။ ပြင်သစ်လူမျိုး ကုလသံတမန် Araud
က ဟေတီစီးပွားရေး ပြန်လည်ထူထောင်နိုင်ရန်အပြည်ပြည်ဆိုင်ရာညီလာခံ
တွင် အဆိုတင်သွင်းမည်ဟုပြောဆိုသည်။ဟေတီငလျင်ဘေးတွင်သေဆုံးသူ
နှစ်သိန်းအထိ တိုးတက်လာနိုင်ချေရှိသည်ဟု တာဝန်ရှိသူများက စိုးရွံနေကြ
သည်။ နှစ်သိန်းခွဲခန့် ဒဏ်ရာရရှိခဲ့ကြပြီး တစ်သန်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြ
ရသည်။ (အေအက်ဖ်ပီ)
|
|
|
|