![]() 18/Jan/2010 |
|
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် တနင်္ဂနွေနေ့က ငလျင်ဒဏ်ခံ ဟေတီနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သူသည် သဘာဝ ဘေး အန္တရာယ်ကြီး၏ နှိပ်စက်မှုကို ကိုယ်တွေ့မျက်မြင် ကြည့်ရှုရန်နှင့် ဟေတီနိုင်ငံ သားများအား အားပေးရန်အပြင် ဒေသတွင်းသို့ လူမှုရေး အကူအညီများ လျင် မြန်စွာရောက်ရှိရေး ကူညီဆောင်ရွက်ရန်အတွက်ဖြစ်သည်။ ရောက်ရှိပြီး မကြာ မီပင် ဟေတီနိုင်ငံ ကုလသမဂ္ဂဌာနချုပ်ကို သွားရောက် စစ်ဆေးခဲ့သည်။ ကုလ သမဂ္ဂ၏အထူးကိုယ်စားလှယ်မစ္စတာဟေတီအာဏာဘီနှင့်၎င်း၏လက်ထောက် ကားလို့ဒါကော်စတာတို့သည်ငလျင်အတွင်းအသက်ဆုံးရှုံးခဲ့ကြသည်။ထို့နောက် စပိန်ဒုတိယ၀န်ကြီးချုပ်နှင့် တွေ့ဆုံ၍ ဟေတီနိုင်ငံ အကူအညီပေးရေး ဥရောပ ကော်မရှင်တစ်ရပ်ထူထောင်ရန် ဆွေးနွေးခဲ့သည်။ အကူအညီများစုပြုံရောက်ရှိ ၍ ဟေတီလေဆိပ်နှင့် မလုံလောက်ပါက တဖက်တွင် ဟေတီ-ဒိုမီနီကန် ကုန်း လမ်းကြောင်းဖွင့်ပေးရေး ကိုလည်းဆွေးနွေးခဲ့သည်။ (ဆင်ဟွာ) |