January 24, 2010

Cold Playအဖွဲ့ မှ ခရစ်မာတင်သီဆိုဖျော်ဖြေနေစဉ်

လန်ဒန်တယ်လီသွန်တွင် ဘီယွန်ဆေးသီဆိုဖျော်ဖြေနေစဉ်
၂၃ ဇန်န၀ါရီ ကာလီဖိုးနီးယား ၊ ၊Freedom Muzic Group
Donate To Hope For Haiti Now
ဇန်န၀ါရီလ ၁၂ ရက်နေ့ က ဟေတီ နိုင်ငံမှ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ဟေတီ ပြည်သူတွေ အတွက် အနုပညာရှင်တွေက စုပေါင်းပြီး ကူညီ ရံပုံငွေ ရှာပေးတဲ့
တယ်လီသွန် (Telethon) ဆိုတဲ့ ပွဲစဉ်ကို နယူးယောက် ၊ကာလီဖိုးနီးယား နဲ့  လန်ဒန် တို့ မှာ သုံးနေ ရာခွဲပြီး ကျင်းပခဲ့ပါတယ်။
Hope for Haiti လို့ အမည်ပေးထားတဲ့ ဒီတယ်လီသွန် အစီအစဉ် မှာ အလှုငွေ ဒေါ်လာ
၅၈ သန်းကျော်ရရှိခဲ့ပါတယ်။အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လည်းဒီပွဲကို
တက်ရောက်ခဲ့ပြီး မင်းသားလီယိုနာဒို ဒီကာပရီယိုကတော့ဒေါ်လာ တစ်သန်းထည့်ဝင်
လှုဒါန်းခဲ့ပါတယ်။
လန်ဒန်မှာ ပြုလုပ်တဲ့ တယ်လီသွန် အစီအစဉ်မှာ U2 အဖွဲ့ က
ဘိုနို ၊ ဂျေဇီး နဲ့  ရီဟားနားတို့ က ဟေတီ ငလျှင် ဘေးနဲ့  ပတ်သက်ပြီး ရေးစပ်ထားတဲ့ သီ
ချင်း တစ်ပုဒ် ကို သီဆို ခဲ့ပါတယ်။
အယ်အေမှာ ကျင်းပတဲ့ တယ်လီသွန် ပွဲစဉ်မှာ ဒရူးဘယ်ရီမိုး ၊ ရောဘတ်ဒီနီရိုး၊ဂျက်နီကို
ဆင် နဲ့  လီယိုနာဒို ဒီကာပရီယို တို့ တက်ရောက်ပြီး ပရိသတ်များ နဲ့ တိုက်ရိုက် အင်တာ
ဗျူးက ရံပုံငွေ ရှာဖွေပေးခဲ့ကြပါတယ်။
ရှကီးယား၊ခရစ္စတီးနား အာဂွီရာလား ၊ဟေတီ လူမျိုး ရက်ပ် အဆိုတော် ၀ိုင်ကလဖ်
ဂျွန်၊ဂျပ်စတင် တင်ဘာလိခ် ၊ဘီယွန် ဆေး ၊ ရှာရယ်(လ်)ခရိုး နဲ့ ကစ်ရော် တို့ ကလည်း
တယ်လီ သွန် ပွဲစဉ် မှာ ၀င်ရောက် ဖျော်ဖြေခဲ့ပါတယ်။
တယ်လီသွန် ဖျော်ဖြေမှု အစီအစဉ် ကို MTV နဲ့ တခြား ရုပ်သံဌာန တွေကလည်း တိုက်
ရိုက်လွှင့် ထုတ်ခဲ့ပါတယ်။MTV ,NBC ,CBS ဂျော့ကလူနီ နဲ့  ၀ိုင်ကလဖ်ဂျွန်တို့ က တယ်လီသွန် အစီအစဉ် ကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။Freedom Muzic Group ကတော့ အင်တာနက် ဗီဒီယို ယုတုဘ်က တယ်လီသွန် ထုတ်လွှင့်မှု အစီအစဉ်ကို ထပ်ဆင့်ထုတ်လွှင့် ပါတယ်။
မကြာခင် Freedom Muzic Group ရဲ့  နိုင်ငံတကာ ဂီတ ၀ဘ်ပေါ်တယ် တစ်ခုကို သီချင်း
ဗီဒီယို ၊ဂီတ သတင်း၊ဂီတ မဂ္ဂဇင်း စာအုပ် ၊ နဲ့ ဂီတ သင်တန်းကျောင်း တွေ အပါ အ၀င်ထုတ် လွှင့်မှာ ဖြစ်ပါတယ်။စောင့်မျှော် အားပေးကြည့်ရှုပါ

တယ်လီသွန်ပွဲစဉ်တွင်စတိဗ်ဝန်းဒါးသီဆိုဖျော်ဖြေနေစဉ်


ဘိုနိုနှင့်ရီဟားနားတို့ သီဆိုဖျော်ဖြေနေစဉ်

မိုဟာမက်အလီ နှင့် ခရစ်ရောခ်

ရှကီးရား သီဆိုဖျော်ဖြေနေစဉ်