Pages

Tuesday, January 26, 2010

၂၀၂၀ ပြည့်နှစ်တွင် တရုတ်စီးပွားရေးက အမေရိကန်ကို ကျော်တက်နိုင်တော့မည်

Share
တရုတ်နိုင်ငံ၏စီးပွားရေး အခြေအနေသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် အမေရိကန်နိုင်ငံ ထက်သာလွန်သွားနိုင်ပြီး ကမ္ဘာ့ အကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်လာနိုင်ကြောင်း ထိပ်တန်း စီးပွားရေး အကြံပေးပညာရှင်တစ်ဦးက ဇန်န၀ါရီလ ၂၁ ရက်နေ့က ပြောကြားခဲ့ သည်။ PriceWaterhouse Coopers  (PWC) ၏အစီရင်ခံစာတွင်လည်း ၂၀၃၀ ခုနှစ်၏ထိပ်တန်းစီးပွားရေး နိုင်ငံ ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံ က ထိပ်ဆုံးမှရပ်တည်ပြီး ၄င်း၏ နောက်တွင် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ဘရာဇီး၊ ရုရှား၊ ဂျာမနီ၊ မက္ကဆီကို၊ ပြင်သစ်နှင့်ဗြိတိန်နိုင်ငံ တို့လိုက်ပါနိုင်သည်ဟု ရေးသား ဖော်ပြထားသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ခဲ့ သည့်အချက်အလက်များအရ လက် ရှိ စီးပွားရေးအင်အားကြီးမားသည့် နိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ် ၊ဗြိတိန်၊ အီတလီ၊ ရုရှား၊ စပိန်နှင့်ဘရာဇီး နိုင်ငံတို့ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် အကြီးဆုံးဖြစ်လာ နိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အမေရိ ကန်နိုင်ငံကို ကျော်တက်သွားနိုင် မည်ဟု စီးပွားရေးစနစ်များကြီး များကို လေ့လာမှုပြုသည့်ဏျွှဃ မှ ဥက္ကဋ္ဌ John Hawksworth က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံ ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ပြီး လူဦးရေဖွံ့ဖြိုးတိုးတက် လာမှုကြောင့် ၂၀၂၀ ပြည့်နှစ်နောက် ပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ အဆင့်သည်လျင်မြန်စွာမြင့်တက် လာနိုင်ကြောင်း John Hawks-worth က ထပ်မံပြောကြားခဲ့သည်။
PWC ၏စာတမ်းတွင် ကမ္ဘာ လုံးဆိုင်ရာ ဂျီဒီပီကို တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့က ခွဲဝေရရှိနိုင် ကြောင်းကို အမေရိကန်နှင့်ဥရောပ သမဂ္ဂနိုင်ငံများနှင့် နှိုင်းယှဉ်ပြီး ဖော်ပြခဲ့သည်။