(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
နယူးယော့ခ်ပြည်နယ်မှ - လယ်သမားကြီး ဘီလ်ဂရေဗီသည် တစ်သက်လုံး ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက် နေခဲ့ရာမှ မိမိကိုယ်ကို ရွှေပုံပေါ်တွင် ထိုင်နေသူဖြစ်ကြောင်း မကြာမီကမှ သိရှိခဲ့ရသည်။ ကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
၎င်းစိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသော လယ်မြေ၏အောက်တွင် သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုကို စမ်းသပ်တွေ့ရှိခဲ့ရာမှ အမေရိကန်တွင် အကြီးဆုံး ဓာတ်ငွေ့သိုက်ဖြစ်ဖွယ် ရှိသည်ဟု ကျွမ်းကျင်သူတို့က ဆိုသည်။
"ကျုပ်တော့ ထီပေါက်သလိုပါပဲဗျာ" ဟု အရပ် ၆ ပေ၊ ၆ လက်မ ရှိသော နွား မွေးမြူရေးသမား ဘီလ်က ပြောသည်။ မွေးမြူရေးခြံမှာ ကက်စကီးလ် တောင် တန်း'ကော်လီကွန်'မြို့အနီးတွင်ရှိသည်။
Marcellus Shale ဟုခေါ်သော ထိုဓာတ်ငွေ့သိုက်သည် နယူးယော့ခ် ပြည်နယ်မှ တင်နက်ဆီပြည်နယ်အထိ ကျယ်ပြန့်ပြီး ဓာတ်ငွေ့ ကုဗပေ ၁၆၈ သန်းမှ သန်း ၅၀၀ အထိ ရှိမည်ဟု နယူးယော့ခ်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ ခန့်မှန်းသည်။
ထိုဓာတ်ငွေ့သိုက်တွေ့ရှိမှုကြောင့် ယခင်က ကြီးလှပါပြီဟု ယူဆထားသောတက္ကဆက်စ်ပြည်နယ်မှ Barnett Shale ဓာတ်ငွေ့ သိုက်ပင်လျှင် မဖြစ် စလောက် ဓာတ်ငွေ့သိုက်ဘ၀ ရောက်သွားရသည်။
"ဒီဓာတ်ငွေ့သိုက်ရဲ့ ပမာဏက အမေရိကန် ပြည်ထောင်စုတစ်ခုလုံး အတွက် အလွန်ကြီးမားလို့ အမေရိကန်ရဲ့ ဓာတ်ငွေ့ လိုအပ် ချက်ကို နှစ်ပေါင်း များစွာ ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိပါတယ်"ဟုအမေရိကန် ရေနံအင်စတီကျု API မှ စီးပွားရေး ပညာရှင် ဂျွန်ဖဲလ်မီက ပင်ဆယ်ဗေးနီးယား နည်းပညာကောလိပ်ညီလာခံတွင် ပြီးခဲ့သောလအတွင်း ပြောကြားခဲ့သည်။
နယူးယော့ခ်မြို့ကြီး၏ သောက်သုံး ရေကို ကက်စကီးလ်တောင်တန်းဒေသမှပင် ရရှိနေသည်ဖြစ်ရာ ရေနံတူးစင် များ မှိုလိုပေါက် ပေါ်ပေါက်လာပါက ကက်စကီးလ်တောင်တန်းဒေသ၏ ဂေဟစနစ်ပျက်စီးသွားမည်ကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးသမားများက စိုးရိမ်လျက်ရှိသည်။ တူးဖော်ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ နယူးယော့ခ်အာဏာပိုင်များသည် ငြင်းခုံဆွေးနွေးနေကြဆဲ ရှိရာ ၂၀၁၀ ပြည့်နှစ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရာရှိသည်။
စွမ်းအင်ကုမ္ပဏီများအနေဖြင့် သူ့ထက်ငါ တူးဖော်လုပ်ကိုင်ခွင့် ဦးစွာ ရရှိအောင် ငွေလိုနေသော လယ်သမား များကို နေ့ချင်းညချင်း သန်းကြွယ် သူဌေးများဖြစ်အောင် ငွေအပြိုင်အဆိုင် ပေး၍ မြှူဆွယ်နေကြသည်။
ဓာတ်ငွေ့သိုက်တွေ့ရှိရာ Marcellus Shale ကို မြေအောက် ပေ ၇,၀၀၀ အနက်တွင် ဘူမိသက်တမ်းနှစ် ၃၈၅ သန်းရှိ ကျောက် များတွင် နယူးယော့ခ် ပင်ဆယ်ဗေးနီးယား၊ အိုဟိုင်းအိုးနှင့် အနောက်ဗာဂျီးနီးယားပြည်နယ်များ အထိပျံ့နှံ့တည်ရှိနေသည်ကို ဘူမိဗေဒ ပညာရှင်များ ရှေးယခင်ကတည်းက သိရှိထားခဲ့ကြသည်။
သို့သော်နည်းပညာ အခက်အခဲကြောင့် စီးပွားဖြစ် တူးဖော် ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ချေ။
မကြာမီက တိုးတက်ဆန်းသစ်လာသော နည်းပညာများဖြင့် ရိုးရိုးဒေါင်လိုက်တွင်းများ အစား အလျားလိုက် တွင်းတူးနည်း ပညာများ ကို အသုံးပြုကာ Hydraulic Fracturing (or) Fracking ထုတ်လုပ် ရေးစနစ်များဖြင့် အကျိုးအမြတ် ရရှိအောင် တူးဖော်ထုတ်လုပ် လာနိုင်ကြပြီဖြစ်သည်။