Pages

Thursday, January 28, 2010

ဟေတီနိုင်ငံတွင် ငလျင်များစွာ ထပ်မံလှုပ်ခတ်နိုင်သည်ဟု မြေငလျင်ပညာရှင်များ သတိပေး

Share
ဟေတီနိုင်ငံတွင် ငလျင်များစွာ ထပ်မံလှုပ်ခတ်နိုင်ကြောင်း သို့ရာတွင် ပို့စ်အော်ပရင့်မြို့ကို ပျက်စီးအောင် လှုပ်ခဲ့သည့်ငလျင်ကဲ့သို့ အင်အား ပြင်းထန်မည်မဟုတ်ကြောင်း မြေ ငလျင်ပညာရှင်များကသတိပေးခဲ့သည်။ဟေတီနိုင်ငံတွင် ဇန်န၀ါရီလ ၁၂ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူတစ် သိန်းကျော်သေဆုံးကာအိုးအိမ်ပျက် စီးဆုံးရှုံးခဲ့သူခြောက်သိန်းကျော်ရှိ ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိ သည့် သူအရေအတွက်မှာတစ်နေ့ တစ်ခြားပိုမိုများပြားလာကြောင်း သိရှိရသည်။
ဟေတီနိုင်ငံတွင် ဇန်န၀ါရီလ ၂၀ ရက်နေ့က ထပ်မံလှုပ်ခဲ့သည့် အင်အား ၅ ဒသမ ၉ ပြင်းအားရှိ ငလျင်ကြောင့် အခြေအနေမဲ့ဖြစ်နေ သည့်ဘ၀ကိုပြန်လည်တည်ဆောက် နေသည့်ဟေတီနိုင်ငံသားများ ဘေး ဒုက္ခထပ်မံကြုံတွေ့ခဲ့ရသည်။ အမေရိကန်ဘူမိဗေဒဆိုင်ရာ လေ့လာသည့်အဖွဲ့(USGS)က ဟေ တီတွင် လာမည့်သီတင်းပတ်အတွင်း ငလျင်တစ်ခု(သို့မဟုတ်) ငလျင်များ ထပ်မံလှုပ်နိုင်မှုမှာ ၂၅ ရာခိုင်နှုန်း နီပါးရှိကြောင်း ပြောကြားခဲ့သည်။

ဇန်န၀ါရီလ ၁၂ ရက်နေ့က လှုပ်ခဲ့သည်ငလျင်သည် Enriquilo Plantain Garden ပြတ်ရွေ့ဇုန်နှင့် ပို့စ်အော်ပရင့်အလယ်ပိုင်းနှင့်အနီး အနားရှိအခြားပြတ်ရွေ့ကြောင်းများ လှုပ်ရှားလာမှုအတွက်ပါ စိုးရိမ်စရာ အခြေအနေဖြစ်လာကြောင်း ယင်း အဖွဲ့၏ထုတ်ပြန်မှုအရ သိရသည်။
''အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက်ပိုင်းမှာ နောက်ထပ် ငလျင်လှုပ်နိုင်တယ်ဆိုတာ ကမ္ဘာ တစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ငလျင်လှုပ် ခတ်မှုတွေကြောင့် သိရှိထားပြီးဖြစ် တယ်။ဒါကြောင့် ကျွန် တော်တို့အဖွဲ့အတွက် တော့ အံ့အားသင့်စ ရာမဟုတ်ပါဘူး'' ဟု USGS မှ မြေငလျင် ပညာရှင် David Schwartz  က ပြောကြား ခဲ့သည်။
တူရကီနိုင်ငံတွင် ၁၉၉၉ ခုနှစ်က အင် အားပြင်းငလျင်နှစ်ခုလှုပ် ခတ်ပြီးနောက်တွင် ငလျင်ငယ်ပေါင်းများ စွာလှုပ်ခတ်ခဲ့သည်ကို ဥပမာပြုပြီး David Schwartz  က ပြော ကြားခဲ့ခြင်းဖြစ်သည်။
USGS က ဟေတီနိုင်ငံနှင့် အ ခြားကာရစ်ဘီယံကျွန်းနိုင်ငံများအ တွက် ငလျင်အန္တရာယ်များကို ခန့် မှန်းတွက်ချက်ခဲ့ပြီး ငလျင်ဒဏ်ခံနိုင် သည့်အဆောက်အဦများကိုဆောက် လုပ်ပေးရန်လိုအပ်ကြောင်း တိုက် တွန်းခဲ့သည်။