သဘာဝ ဘေးအန္တရာယ် ကျရောက်သောအခါ လူသားဆိုင်ရာ ကူညီ
ထောက်ပံ့မှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုသွက်လက်စေရန်အတွက်
မိုဘိုင်း ဆက်သွယ်ရေးသည် အထူးပင် လိုအပ်လှသည်ဟု အဲရစ်ဆင် တယ်လီ
ဖုန်းကုမ္ပဏီ၏ အကြီးအကဲက ပြောဆိုသည်။ ဟေတီတွင် ကယ်ဆယ်ရေးလုပ်
ငန်းများကို အကူအညီပေးရန်အတွက် အဲရစ်ဆင်၏ ဆက်သွယ်ရေးနည်းပညာ
အဖွဲ့အား သက်ဆိုင်ရာမှ အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် နည်းပညာ
အဖွဲ့တစ်ဖွဲ့သည် ဟေတီနိုင်ငံသို့ အလျင်အမြန် ထွက်ခွာပြီးလျှင် ကွန်တိန်နာ
အခြေခံ GSM စနစ်အသေးစားတစ်ခုကို ထူထောင်ပေးမည် ဖြစ်သည်။ အဲရစ်
ဆင်၏ အန္တရာယ်တုန့်ပြန်ရေးအစီအစဉ်ကို ၂၀၀၀ ခုနှစ်ကစ၍ တည်ထောင်ဖွဲ့
စည်းထားခဲ့သည်။ (စီအန်အေ)