Pages

Wednesday, January 20, 2010

ကွန်ဆာဗေးတစ် ချီလီဘီလျံနာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ

PDF Print E-mail
Share
ကွန်ဆာဗေးတစ်ဘီလျံနာဆီဘက်စ်ရှန်ပင်နီရာသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ အနိုင်ရရှိမှုနှင့်အတူ ကမ္ဘာ့ကြေးနီထိပ်တန်းထုတ်လုပ်သည့် နိုင်ငံနှင့် လက်တင်အမေရိက၏ အတည်ငြိမ်ဆုံးစီးပွားရေးကိုပိုင်ဆိုင်သည့် ချီလီနိုင်ငံ တွင် နှစ် ၂၀ ကြာဗဟိုလက်ဝဲအုပ်စိုးမှုကို အဆုံးသတ်သွားခဲ့သည်။ ဟားဗတ် တက္ကသိုလ်ကျောင်းထွက် ခရီးသည်တင်လေကြောင်းလိုင်းပိုင်ရှင်သူဌေးကြီး တစ်ဦးဖြစ်သူပင်နီရာသည်မဲအားလုံး၏ ၅၂ ရာခိုင်နှုန်းနီးပါးရရှိခဲ့သည်။ ¤င်း ၏ လက်ဝဲပြိုင်ဘက်သမ္မတဟောင်းအက်ကွာဒိုဖရေးက ရှုံးနိမ့်မှုကို လျင်လျင် မြန်မြန်ပင် ၀န်ခံခဲ့သည်။ဗင်နီဇွဲလားမှ အာဂျင်တီးနားအထိ လက်ဝဲ၀ါဒီများ သာကြီးစိုးနေသောတောင်အမေရိကတွင် ယခုရွေးကောက်ပွဲက လက်ယာသို့ ပြောင်းလဲခဲ့သောအမှတ်အသားဖြစ်ခဲ့သည်။ သို့သော်လည်း အသက် ၆၀ အရွယ်ရှိ ပင်နီရာသည် ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်မှုရရှိနေသော စီးပွားရေး ပေါ်လစီများကို ကြီးကြီးမားမားပြောင်းလဲဖွယ်မရှိဟု ယူဆရသည်။ သြဂတ် စတိုပီနိုချေး၏ အာဏာရှင်ခေတ်(၁၉၇၃-၁၉၉၀)ပြီးဆုံးချိန်မှစ၍ နိုင်ငံကို အုပ်ချုပ်ခဲ့သော ဗဟိုလက်ဝဲညွန့်ပေါင်းအစိုးရကသာ အာဏာရခဲ့သည်။

ချီလီနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်းပထမဆုံးအကြိမ် အဖြစ် လက်ယာဝါဒီတို့က ဒီမိုကရက်တစ်နည်းကျကျအာဏာရယူနိုင်ခဲ့ခြင်း ဖြစ်သည်။