January 14, 2010 · Leave a Comment

ငလျှင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှု ဓာတ်ပုံ - Freedom News Group
နိုင်ငံရဲ့ မြို့ တော် ပို့ အော် ပရင့်စ် မှာ လည်း ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပျက်စီးပြီး လူပေါင်း
တစ်သိန်းကျော် ခန့် သေဆုံးတယ် လို့ ဟေတီ ၀န်ကြီးချုပ်က CNN သတင်းဌာန ကို
ပြောပါတယ်။
၁၈၀၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့ ပြင်သစ် ရဲ့ ကိုလိုနီ လက်အောက်ခံ အဖြစ်ကနေ
လွတ်မြောက်ခဲ့ပြီးတဲ့ နောက် မှာ အခုလို မျိုး ငလျှင်ကြီး တစ်ခု လှုပ်ခဲ့ပေမယ့် အခု
လောက် ပျက်စီးဆုံးရှုံးခြင်း နဲ့ သေကြေ ဒဏ်ရ ရခြင်း မရှိ ဘူးလို့ ဟေတီ တိုင်းမ်း
သတင်းဌာန ရဲ့ အင်တာနက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
ငလျှင် ဒဏ်ကြောင့် ပျိုကြ ပျက်စီးတဲ့ ထဲမှာ ဆေးရုံ နဲ့ အရေးပေါ် ဆေးကုသရေး
အဆောက်အဦတွေ ပါဝင်တာ ကြောင့် ပြည်သူတွေဟာ ပိုပြီး သေကြရတယ်လို့ 
မက္ကဆီ ကို နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ မှ ဒေါက်တာ ယန်း
လွန်းဘာထရန် က Freedom News Group ကို ပြောပါတယ်။
ဟေတီ နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ရုံးချုပ် အပါအ၀င် ၊ကမ္ဘာ့ ဘဏ် နဲ့  သမ္မတနန်း
တော် တွေ ပါပျိုကျခဲ့ လို့ အရင်က သာယာလှပ ပြီး ကမ္ဘာ လှည့် ခ ရီးသွားတွေ ကိုစွဲ
ဆောင်ခဲ့တဲ့ ဟေတီ နိုင်ငံရဲ့  ပို့အော် ပရင့်စ် မြို့လေးဟာ အခုတော့ ပြိုကျပျက်စီးေ
နေတဲ့ အသံတွေ ကယ်ပါ ယူပါ တစ်စာစာ အော် ဟစ် သံတွေ အောက်မှာ ကမ္ဘာ
ပျက် သလို ဖြစ်နေပါပြီ လို့ ယခင်က သဘောင်္သား ဟောင်း တစ်ဦး ဖြစ်ပြီး အခု
တော့ ဂျမေကာသူ နဲ့ အိမ်ထောင်ကျပြီး ဟေတီနိုင်ငံမှာ နေထိုင် တဲ့ မြန်မာ လူမျိုး
တစ်ဦးဖြစ်သူ ဦးလှမြင့်က Freedom News Group ကိုပြောပါတယ်။
ဧရိယာ စတုရန်း မိုင်ပေါင်း နှစ်သောင်းခုနှစ်ထောင် ကီလိုမီတာ လောက်သာ
ကျယ်ဝန်းတဲ့ ဟေတီ နိုင်ငံမှာ မြန်မာ နိုင်ငံသား နှစ်ရာ ကျော်ခန့် နေထိုင်ကြပြီး
ဦးလှ မြင့်က တော့ ပို့ အော်ပရင့်စ် မှာ နေထိုင်တာ နှစ်ဆယ့်ခြောက်နှစ် ရှိသွား
ပြီ လို့ ပြောပါတယ်။
မနေ့ က လှုပ်ခတ်သွားတဲ့ ငလျှင်ဒဏ်မှာ ဦးလှမြင့် နဲ့ ဇနီး ဖြစ်သူ ကာလက်ဇီယာ
တို့ နှစ်ဦး စလုံး အသက်အန္တရာယ် က လွတ်မြောက်ခဲ့ပေမယ့် မြန်မာ နိုင်ငံသား
ဆရာ ၀န်တစ်ဦး ဖြစ်သူ ဒေါက်တာ မြတ်သူ ကတော့ ပျောက်ဆုံးနေတယ် လို့ 
ဦးလှမြင့်က ပြောပါတယ်။
ဒေါက်တာ မြတ်သူ ကလည်း မြန်မာ နိုင်ငံကနေ ထွက်ခွာလာခဲ့တာ နှစ်နှစ်ဆယ်နီး
ပါးရှိနေပြီ ဖြစ်ပြီး ဘရာဇီးလ် နိုင်ငံမှာ အလုပ်လုပ် ရင်း ဒီနိုင်ငံ ကို ပြောင်းရွှေ့ လာတာ
မကြာသေးဘူး လို့ သိရပါတယ်။
သူက ငလျှင် မလှုပ်ခင်မှာ သူ့ ရဲ့  အလုပ်မှာ ရှိနေပြီး အိမ်ပြန်အလာ မှာ ပျောက်
ဆုံးသွားတယ် လို့ ဆိုပါတယ်။အပျက်အစီး တွေကြားမှာ ရှာဖွေရေးလုပ်ငန်း
တွေ မလုပ်ဆောင်နိုင်ခင့် ဆက်သွယ်ရေး စနစ်တွေ လည်းပျက်စီးသွားတဲ့ ပို့ အော်
ပရင့် စ် မှာ အခုအချိန် ထိ သေဆုံးသွားတွေအား လုံး ရဲ့ ခန္တာ ကိုယ်တွေ ကို ရှာဖွေ
မတွေ့ ရှိ သေး ဘူး လို့  နယူးယောက်တိုင်း သတင်းစာ မှာ ဖော်ပြထားပါတယ်။
ဟေတီ သမ္မတ ကတော့ သူ့ နိုင်ငံ ဟာ အတိ ဒုက္ခရောက်နေ ပါတယ် တတ်အားသရွေ့ 
အကူ အညီ ပေးကြ ပါ လို့ ကမ္ဘာ ကို အတိအလင်း ကြေညာ သတင်းထုတ်ပြန်ထားပါ
တယ်။
နိုင်ငံတကာက လာရောက်မယ့် အကူအညီ ပေးရေး အဖွဲ့ တွေအား လုံးကို လည်း
လက်ခံမယ် နောက် လူသာချင်းစာနာ ထောက်ထားမှု ကြောင့် ပေးတဲ့ အကူအညီ
အားလုံးကို လည်း ပြည်သူတွေ လက်ထဲ ကို အမြန်ဆုံးရောက် အောင်စီစဉ် ဆောင်
ရွက်ပေးမယ် လို့ ပြောပါတယ်။
ခရီယို နဲ့  ပြင်သစ်ဘာသာစကား ပြောကြားတဲ့ ကရစ်ဘီယံ နိုင်ငံငယ် လေးဟာ ယခင်
က မင်းသား ဂျွန်နီဒပ် သရုပ်ဆောင် ထားတဲ့ Pirates of Caribbean လိုရုပ်ရှင် ကားမျိုး
ရိုက်ကူးခဲ့တာ ဖြစ်ပေမယ့် အခုတော့ ကမ္ဘာ့လှည့် ခရီးသွားတွေ ဟာလည်း သူတို့ ရဲ့ 
သွားရောက် လည် ပတ်မယ့် အစီ အစဉ်ကို ဖျက်သိမ်း လိုက်ကြပါပြီ။
ဟေတီ နိုင်ငံ ကို ပထမ ဦးဆုံး သူနဲ့ အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ ဒိုမီနီကန် ရီပတ်ဘလစ်
က အကူအညီ တွေ စတင်ပေးတာ ဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန် နဲ့ ထိုင်ဝမ် နဲ့ 
အီးယူ နိုင်ငံ တွေက အရေးပေါ် အကူအညီ တွေ ကို စတင် ပို့ လွှတ်ပါတယ်။
ဟေတီ နိုင်ငံမှာ လွနခဲ့တဲ့ ငါးနှစ် လောက်ကထိ မြန်မာ လူမျိုး လေးဆယ် လောက်သာ
ရှိ ပေမယ့် နောက်ပိုင်းမှာ တော့ အမေရိကန် နိုင်ငံ ကို သွားရောက်ချင်သူ တွေ စခန်း
တစ်ထောက် ကွန်းခိုရာ ဖြစ်ခဲ့ပါတယ်။တခြား ကာရီဘီယံ နိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်
မှု တွေ ကလည်း အဲဒီမှာ ရှိ တဲ့ မြန်မာ လူမျိုး တွေ အနေနဲ့  ကာရစ်ဘီယံ နိုင်ငံကို ပိုပြီး
ရွေးချယ် စေပါတယ် လို့ ဦးလှမြင့် က ပြောပါတယ်။
သမိုင်း တစ်လျှောက်မှာ နိုင်ငံရေး မငြိမ် မသက် မှု တွေ နဲ့ ပြည့်နေပြီး နှစ်တရာလောက်
အတွင်းမှာ အာဏာရှင်ပေါင်း ခုနှစ်ဆယ်ခန့် အုပ်ချုပ်ခဲ့တာ ဟာလည်း တိုင်းပြည်ကို ပို
ပြီး ဆင်းရဲ တွင်း နက်စေခဲ့ပါတယ်။
ငလျှင်ကြောင့် လူပေါင်း သုံးသန်း လောက် အတိဒုက္ခတွေ နဲ့ ရင်ဆိုင်ရမယ် လို့ လဲ နိုင်ငံ
တကာ ကြက်ခြေနီ အသင်းကြီးက ပြောထားပါတယ်။ငလျှင် ဒဏ်ကြောင့် အတိဒုက္ခရောက် ခဲ့တဲ့ ပြည် သူတွေ ကို အပြည့်အ၀ အကူအညီ ပေးသွားမယ် လို့ အမေရိ
ကန် သမ္မတ ကလည်းကတိ ပေးထားပါတယ်။
ငလျှင် ဒဏ်ကြောင့် အတိဒုက္ခရောက် ခဲ့တဲ့ ပြည်သူတွေ အတွက် ဟေတီ နိုင်ငံသား နာ
မည်ကျော် အဆိုတော် ၀ိုင်ကလဖ် ဂျွန်နဲ့  အိန်ဂျလီနာ ဂျိုလီ ဘရက် ပစ်တို့ က ဦးဆောင်
ပြီး အကူအညီ တွေ ပေးသွားမယ် လို့ သိရပါတယ်။