တရုတ်နိုင်ငံတွင် Goojje ဟု ခေါ်သော ရှာဖွေရေး အင်ဂျင်နှင့် လူမှုရေးနက်ဝက်
အသစ်တစ်ခု စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ Google နှင့် တံဆိပ်တူညီ၍ နောက်ရှိ
jje အသံထွက်သည် မန်ဒါရင်းစကားအရ အမကြီးဟုအဓိပ္ပါယ်သက်ရောက်ပေသည်။
Goojje ရှာဖွေရေးအင်ဂျင်သည် တရုတ်နိုင်ငံ၏ စည်းမျဉ်းများနှင့် အညီ ဆင်ဆာဖြတ်
တောက်ပေးမည့်ဖြစ်သည်။ Google မှ တရုတ်နိုင်ငံ၏ စည်းမျဉ်းများကြောင့်တရုတ်မှ
ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း Site အသစ်ကြောင့် Google အား တရုတ်နိုင်ငံတွင်
ဆက်လက်ရှိနေစေရန်တွန်းအားပေးလျက်ရှိသည်။ကာလီဖိုးနီးယားအခြေစိုက်google
သည် 2006 ခုနှစ်ကစ၍ တရုတ်နိုင်ငံတွင်စတင်ခဲ့ခြင်းဖြစ်သည်။ Goojje အသံထွက်
သည် မန်ဒါရင်းစကားအရ အစ်မဟု အသံထွက်ပြီး Google သည်လည်း မန်ဒါရင်းစ
ကားအရ အစ်ကိုဟု အသံထွက်ပေသည်။ ထို့ကြောင့် Goojje site တွင် “ အစ်ကိုရဲ့
ထွက်သွားတော့မယ်ဆိုတဲ့အတွေးကို စွန့်ပြီးညီမအတွက်နေပေးမယ်ဆိုရင်တော့ အ
ရမ်းဝမ်းသာတယ် ” ဆိုတဲ့ စာသားအား တင်ထားကြောင်း ရိုက်တာ သတင်းဌာနက
ဆိုသည်။ (ဘီဘီစီ)