Pages

Tuesday, February 2, 2010

နေပြည်တော်ခရိုင် အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အနက်မှ ၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်တည်ဆောက်မည့် အထင်ကရ အဆောက်အဦများနှင့် မြို့ကွက်သစ် အဆောက်အဦများ အပြင်ပိုင်း အကြမ်းဖျင်းပြီးစီးနေပြီ ဖြစ်သဖြင့် အတွင်းပိုင်း မွမ်းမံမှုများစတင

Share
     နေပြည်တော်ခရိုင်၌ ၂၀၁၀ ပြည့်နှစ်တွင်အပြီးသတ် တည်ဆောက်ရမည့် အထင်ကရအဆောက်အဦများ နှင့် မြို့ကွက်သစ် အဆောက်အဦများသည် အပြင်ပိုင်းတည်ဆောက်မှု များ အကြမ်းဖျင်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ အပြင်ပိုင်း တည်ဆောက်မှုများ အကြမ်းဖျင်း ပြီးစီးသွားပြီဖြစ်သဖြင့်  အတွင်းပိုင်းပြင်ဆင်မှုများဖြစ်သည့် ပါကေးခင်းခြင်း၊ ဆေးသုတ်ခြင်းနှင့် အခြားမွမ်းမံ ပြင်ဆင်မှုအပိုင်းများကို ဆောင်ရွက်နေပြီဖြစ်ရာ အဆိုပါ အတွင်းပိုင်း ပြင်ဆင်မှုများဆောင်ရွက် ပြီးစီးပါက သက်ဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းများသည် လုပ်ငန်း အပ်နှံမှုများကို ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း သိရှိရသည်။
    အဆိုပါ နေပြည်တော်တွင် ၂၀၁၀ ပြည့်နှစ် အပြီးသတ်တည်ဆောက်ရမည့် အဆောက်အဦများ ဖြစ်ကြသော လွှတ်တော်၊ သမ္မတ အိမ်တော်နှင့် နေပြည်တော်ရှိ မြို့ နယ်များတွင် တည်ဆောက်နေသည့် ဥတ္တရသီရိ၊ ပုဗ္ပသီရိ၊ ဇဗ္ဗူသီရိမြို့နယ်များရှိ ပုဂ္ဂလိကအဆောက်အဦများ၊ NGO အဖွဲ့အစည်း အဆောက်အဦ များ၊ ၀န်ထမ်းအိမ်ရာများနှင့် အစိုးရ ရုံးအဆောက်အဦများ၊ Shopping Complex များ၊ Shopping Center များနှင့် လမ်းပိုင်းဆိုင်ရာချဲ့ထွင်ခြင်း များ၊ လမ်းသစ်ဖောက်လုပ်ခြင်းများ အပြီးသတ် လုပ်ဆောင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
    ''နေပြည်တော်မှာရှိတဲ့ အဆောက်အဦတွေဟာ ပုံမှန်တည်ဆောက်နေတာပါ။ ဘယ်လောက်ပြီးမယ်၊ ဘယ်၍ပြီးမယ် ကန့်သတ်ချက်တော့ မရှိပါဘူး။ ကိုယ့်ကုမ္ပဏီနဲ့ ကိုယ်တာဝန်ယူတဲ့အပိုင်းတွေမှာ ခိုင်ခံ့မှု၊ လှပမှုတွေကို ဦးစားပေးပြီး အမြန်ပြီးနိုင်သ၍ပြီးအောင် လုပ်ဆောင်နေရတာချည်းပါပဲ။ ဒါပေမယ့် အရေး ကြီးတဲ့ အဆောက်အဦတွေကတော့ သူ့သတ်မှတ်ရက်အတိုင်း အပြီးသတ်မှရမယ်။ လွှတ်တော်ကြီးဆိုရင် အတွင်းပိုင်းတွေဖြစ်တဲ့ ပါကေးခင်းတာ တို့၊ နောက် ခန်းဆီးအလှဆင်တာတို့ ၊ လျပ်စစ်ပိုင်းရယ် ဖုန်းလိုင်း တွေရယ် စတင်ပြုလုပ်နေပါပြီ'' ဟု တာဝန်ခံ ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့ ပါသည်။
    နေပြည်တော်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်ကြသော ဥတ္တရသီရိ မြို့တွင် တည်ဆောက်ပြီးစီးသော အဆောက်အအုံများမှာ ရဲစခန်း၊ မီး သတ်၊ အထက်တန်းကျောင်း၊ အုပ် ချုပ်မှုရုံး၊ ဈေး၊ လျပ်စစ်ရုံးနှင့် ပုဂ္ဂလိ က တိုက်တာ အဆောက်အအုံများ ဖြစ်ကြပြီး ကမ္ဘောဇဘဏ်၊ အင်းဝ ဘဏ်၊ စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ တိုင်း ရင်းဆေးဆရာများအသင်း၊ ဆရာဝန် များအသင်း၊ Shopping Complex  ၄၂ လုံး၊ ရွှေပုစွန်မုန့်တိုက်၊ နေ့ကလေးထိန်းကျောင်းတို့သည် မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ၄င်း ဥတ္တရသီရိမြို့တွင် ဆောက်လုပ် ပြီးစီးသည့် လူနေအိမ် ၁၀၀၀ ကျော် အား တယ်လီဖုန်း၊ မီတာ၊ လျပ်စစ်မီး တို့ တပ်ဆင်ပြီးစီးကြောင်းသိရှိရသည်။
    ထို့အပြင် ပုဗ္ပသီရိမြို့တွင် ၀န်ထမ်းအိမ်ရာ ၂၃၀၀ ကျော် ဆောက် လုပ်ပြီးစီး၍ ဆက်လက်၍ ဆောက်လုပ်ဆဲ ၀န်ထမ်းအိမ်ရာများနှင့် အုပ်ချုပ်မှုအဆောက်အဦများ၊ ဈေးများ၊ ကျောင်းများ၊ ဆောက်လုပ်နေဆဲ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရပါသည်။