(ခရစ်ရှန်ဆိုင်းယင့်မော်နီတာ)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉) Myanmar time
အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ် အတွင်းရှိ ရေခဲမြစ်များသည် အပူချိန် မြင့်တက်လာမှုကြောင့် အလျင်အမြန် အရည်ပျော် နေကြောင်း၊ ဟိမ၀န္တာဒေသ ရှိ လူသန်းပေါင်းများစွာအတွက် ရေ အခက်အခဲတွေ့နိုင်ကြောင်းဖြင့် အိန္ဒိယ သိပ္ပံပညာရှင်များ၏ လေ့လာချက်အသစ် တစ်ခုအရ သိရသည်။ တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉) Myanmar time
ကက်ရှ်မီးယားတက္ကသိုလ် ဘူမိဗေဒ နှင့် ဘူမိရူပဌာနမှ လေ့လာချက်က ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက် ရောက်မှုကို အပြစ်ဖို့ထားသည်။
ဤ ဒေသအတွင်း နေထိုင်သူ ၁၀ သန်း နီးပါး၏ သုံးပုံနှစ်ပုံသည် လယ်ယာ စိုက်ပျိုးရေး၊ ပန်းအလှစိုက်ပျိုးရေး၊ အိမ် မွေးတိရစ္ဆာန် မွေးမြူရေးနှင့် သစ်တော စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေရာ ရာသီဥတုပြောင်းလဲမှုကြောင့် ၎င်းတို့၏ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများပါ အန္တရာယ်ရှိလာသည်။
အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ်မှ အကြီးဆုံးရေခဲမြစ်ဖြစ်သည့် ကိုလာဟွိုင် ရေခဲမြစ်သည် လွန်ခဲ့သည့် နှစ် ၄၀ က ငါးစတုရန်းမိုင် (၁၃ စတုရန်းကီလို မီတာ)ရှိရာမှ ယခုအခါ ၄ ဒသမ ၄၄ စတုရန်းမိုင် (၁၁ ဒသမ ၅ စတုရန်း ကီလိုမီတာ) သို့ ကျုံ့သွားကြောင်း လေ့လာတွေ့ရှိရသည်။
သုံးနှစ်ကြာ အဆိုပါလေ့လာမှုကို ဦးဆောင်ခဲ့သော အထက်ဖော်ပြပါဌာန မှ တွဲဖက်ပါမောက္ခ ရှကီးလ်ရွမ်ရှူးက ရေခဲမြစ် အရည်ပျော် မှုသည် အလွန် စိုးရိမ်ဖွယ်ကောင်းသည်ဟု ဖော်ပြခဲ့သည်။ ထိုဒေသအတွင်းရှိ အခြား ရေခဲမြစ် များသည် ၁၆ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး အလားတူကာလတွင် ကိုလာဟွိုင်ရေခဲ မြစ်သည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည်။
ကိုလာဟွိုင်ရေခဲမြစ်မှရေများသည် ကက်ရှ်မီးယား၏ အသက်သွေးကြောဖြစ်သော ဂျီလမ်မြစ်ထဲသို့စီးဝင်သည်။ ထိုမြစ်သည် ပါကစ္စတန်နိုင်ငံမှ လူဦးရေ ထူထပ်သော ပန်ဂျပ်ပြည်နယ်စိုက်ပျိုး ရေးအတွက်လည်း အရေးကြီးသည်။
အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ် မြို့တော် ဆရီနဂါမြို့တွင် မကြာမီက ကျင်းပသည့် ရေခဲမြစ်များကျုံ့သွားခြင်း ၏အကျိုးသက် ရောက်မှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ထိုလေ့လာချက်ကို ထုတ် ပြန်ခဲ့သည်။
လွန်ခဲ့သည့်နှစ်က နိုင်ငံတကာပရ ဟိတအဖွဲ့အစည်းတစ်ခုဖြစ်သော အက်ရှင်အိတ်ဒ်သည် ကက်ရှ်မီးယား ဒေသရှိ ရေခဲမြစ်များ ကျုံ့သွားနေသည့် အကြောင်း သတိပေးထားသည်။
ရာသီ ဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုနှင့် ဆီးနှင်းကျမှုပုံစံကို အကျိုးသက်ရောက် မှုရှိကြောင်း ထိုအချက်များသည် ရိက္ခာ ထုတ်လုပ်မှုကို ကျဆင်းစေသည်ဟုဆို သည်။
နယူးဒေလီမြို့တွင် အခြေစိုက်သည့် စွမ်းအင်နှင့် သယံဇာတသိပ္ပံမှ ရေခဲမြစ်ဆိုင်ရာဌာန အကြီးအကဲ ပါမောက္ခ ဆယိ အစ်ဘယ် ဟက်စ်နိမ်က ယခု အသစ်တွေ့ရှိချက်များသည် ရာသီဥတုပူနွေးလာမှုစနစ် သေချာနေပြီဆိုခြင်းကို ထပ်မံပြသနေသည်ဟု ဆိုသည်။
၁၉၉၅ ခုနှစ်ကတည်းက ရေခဲမြစ် များကို လေ့လာနေခဲ့သူ အိန္ဒိယဘူမိ ဗေဒပညာရှင်တစ်ဦးဖြစ်သည့် ရာဂျိဗ် ဥပက်ဒေက ယခုအသစ် လေ့လာတွေ့ရှိ ချက်သည် ယခင်အတိုင်းပင်ဖြစ်သည် ဟုဆိုသည်။
"ဟိမ၀န္တာရှိ ရေခဲမြစ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ ဆုတ်သွားပြီဆိုတဲ့ ယေဘုယျလမ်းကြောင်းကို အခုလေ့လာ တွေ့ရှိချက်က ထပ်မံအတည်ပြုတယ်။ တချို့ရေခဲမြစ်တွေဟာ ထိတ်လန့်ဖွယ် နှုန်းနဲ့ ဆုတ်နေကြတယ်။ တစ်နှစ်ကို ၄၄-၄၅ မီတာနှုန်းနဲ့ ဆုတ်နေကြ တယ်" ဟုမစ္စတာ ဥပက်ဒေကပြောသည်။
၎င်း သည် ကက်ရှ်မီးယားတက္ကသိုလ်လေ့လာ မှုနှင့်ပတ်သက်သူတစ်ဦးမဟုတ်ပေ။
အိန္ဒိယနှင့် ပါကစ္စတန်တပ်များ ၂၅ နှစ်ကြာ အခိုင်အမာနေရာယူထားကြသည့် ဆီယာချင်ရေခဲမြစ်သည် မူလရှိရင်းစွဲ၏ တစ်ဝက်ခန့် အရည်ပျော်သွားပြီဟုလည်း ၎င်းကပြောကြားသည်။
ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၇ ခုနှစ်နောက်ပိုင်း ကက်ရှ်မီးယား ဒေသ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် စစ်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ကက်ရှ်မီးယား နယ်မြေတစ်ခုလုံးကို သူပိုင်ငါပိုင်သည် ဟု အငြင်းပွားနေကြသည်။