Pages

Sunday, February 7, 2010

အမေရိကန်သမ္မတအိုဘားမား အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံသို့ မတ်လတွင် သွားရောက်မည်

Share
အမေရိကန်သမ္မတ အိုဘားမားသည် မိမိငယ်စဉ်ဘ၀က လေးနှစ်ကျော်နေထိုင်ခဲ့ဖူးသည့် အင်ဒိုနီးရှားသို့ မိသားစုနှင့်အတူ မတ်လတွင် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော် ၀ါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။ဟာဝိုင်အီတွင် မွေးဖွားခဲ့ပြီး အင်ဒိုနီးရှားတွင် ကြီးပြင်းခဲ့သည့် အတွက်ကြောင့် အိုဘားမားသည် အမေရိက၏ပထမဆုံးပစိဖိတ်သမ္မတ ဟုမိမိကိုယ်မိမိညွှန်းဆိုမှုပြုခဲ့သည်။ အိုဘားမားသည် အင်ဒိုနီးရှားတွင် ရောက်ရှိစဉ်အချိန်အတွင်း အမေရိ ကန်နှင့် ကမ္ဘာတွင်မွတ်စလင်အများ ဆုံးနေထိုင်သည့်အင်ဒိုနီးရှားနိုင်ငံ ကြား ဆက်ဆံရေးကိုတိုးတက်လာ စေရန်အတွက်ဆွေးနွေးမှုများပြုလုပ် သွားမည်ဟု အိမ်ဖြူတော်မှပြော ရေးဆိုခွင့်ရှိသူ ရောဘတ်ဂစ်ဘ်က ပြောကြားခဲ့သည်။
အိုဘားမား၏ခရီးစဉ်အတွင်း သမ္မတကတော်မီရှယ်အိုဘားမားနှင့် သမီးနှစ်ဦးတို့လည်းလိုက်ပါမည်ဖြစ်ပြီး မတ်လဒုတိယအပတ် စတင်သွား ရောက်မည်ဖြစ်သည်။ အင်ဒိုနီးရှား ခရီးစဉ်မှတစ်ဆင့် သြစတြေးလျသို့ သွားရောက်မည်ဖြစ်သည်။
အိုဘားမားသည် အမေရိကန် -သြစတြေးလျ နှစ်နိုင်ငံဆက်ဆံရေး နှစ် ၇၀ ပြည့်အခမ်းအနားသို့ တက် ရောက်မည်ဖြစ်ပြီး သြစတြေးလျဝန် ကြီးချုပ်ကီဗင်ရုဒ်နှင့်နိုင်ငံတကာဆိုင် ရာစီးပွားရေးပြန်လည်နာလန်ထူနိုင် မှု၊ အာဖဂန်စစ်ပွဲအကြောင်းများနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး များကို ဆွေးနွေးသွားမည်ဟု ရော ဘတ်ဂစ်ဘ်က ပြောကြားခဲ့သည်။

Weekly Eleven Journal