အာကာသလေ့လာမှု နယ်ပယ်တွင်သာမက ကားထုတ်လုပ်မှုနယ် ပယ်တွင်ပါအသုံးပြုနိုင်သော ဒုတိယမျိုးဆက်စက်ရုပ် အာကာသယာဉ်မှူး Robonaut 2 ကို အမေရိကန်ကား ကုမ္ပဏီဂျင်နရယ်မော်တာနှင့် အမျိုးသားအာကာသ အေဂျင်စီ(နာဆာ)တို့က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။ယခင်ဖန်တီးခဲ့သည့် Robonaut စက်ရုပ်ထက်လက်မှုအရာတွင် ပိုမိုကျွမ်းကျင်ပြီးနည်းပညာပိုင်း ပို မြင့်လာကြောင်းနာဆာက ထုတ်ပြန် ချက်အရသိရသည်။ ပထမမျိုးဆက် Robonaut ကို နာဆာနှင့် ကာကွယ် ရေးအဆင့်မြင့်သုတေသန စီမံကိန်း အေဂျင်စီတို့ကထုတ်လုပ်ခဲ့ကြခြင်း ဖြစ်ပြီးထိုစဉ်က အာကာသယာဉ်မှူး တစ်ဦးအဖြစ်သုံးစွဲနိုင်ရန်သာရည်ရွယ် ခဲ့ခြင်းဖြစ်သည်။
ယခုထုတ်လုပ်မှုတွင်မူ ဂျီအမ် ကားကုမ္ပဏီနှင့်ပူးတွဲလုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး အသစ်ထုတ်လုပ်လိုက် သည့် Robonaut2 သည် လက်တစ် ဖက်စီတွင်ပေါင် ၂၀ ခန့်အလေးချိန် ကိုမထားနိုင်ပြီး လူသားလက်နှင့် မခြားသုံးစွဲနိုင်မည်ဖြစ်သည်။
အိုဘားမားအစိုးရသစ်သည် နာဆာကို ပုဂ္ဂလိကနယ်ပယ်နှင့်ပိုမို ပူးပေါင်းဆောင်ရွက်ရန်၊ အနာဂတ် တွင် အာကာသယာဉ်များကို ပုဂ္ဂလိ က နယ်ပယ်နှင့် ပူးတွဲထုတ်လုပ်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့က ညွှန် ကြားခဲ့ပြီးနောက်တွင် ပထမဆုံး ထုတ်ဖော်ပြသသည့် အရပ်ဘက် ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းဆောင်ရွက် မှုလည်းဖြစ်သည်။ |