(အေအက်ဖ်ပီ)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)Myanmar Time
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)Myanmar Time
ဂျပန်ဈေးကွက် များပိတ်သွားပြီးနောက် ဒေါ်လာဈေးသည် တနင်္လာနေ့နှောင်းပိုင်းက နယူးယော့ခ် မြို့တွင် ၉၂ ဒသမ ၁၃ ယန်း ရှိနေရာမှ အင်္ဂါနေ့မနက်တွင် တိုကျို၌ ၉၁ ဒသမ ၈၅ ယန်းသို့ ကျသွားသည်။ ယူရိုတန်ဖိုး သည် ၁ ဒသမ ၄,၅၁၄ ဒေါ်လာမှ
၁ ဒသမ ၄,၄၈၈ ဒေါ်လာသို့ ကျသွား သည်။ ယန်းငွေတန်ဖိုးသည် တစ်ယူရို လျှင် ၁၃၃ ဒသမ ၇၁ ရှိရာမှ ၁၃၃ ဒသမ ၁၄ သို့ တက်သွားသည်။
"ဂျပန်နိုင်ငံမှာ အားလပ်ရက်ရှည်ခံစား ပြီးနောက် အမေရိကန်အလုပ်အကိုင် သတင်းကို ငွေကြေးအရောင်းအ၀ယ် သမားများက စိတ်ပျက်လာကြတယ်"ဟု မီဆူဘီရှီ ယူအက်ဖ်ဂျေထရပ်စ်နှင့် ဘဏ်လုပ်ငန်းကော်ပိုရေးရှင်းမှ နိုင်ငံခြား သုံးငွေမန်နေဂျာချုပ် ဟီဒေကီအီနူးယီ က ပြောကြားသည်။
ဒီဇင်ဘာလတွင် အမေရိကန်၌အလုပ် လက်မဲ့ဖြစ်သွားသူ ၈၅,၀၀၀ ရှိသည်ဟု တရားဝင်စာရင်းဇယားများအရ သောကြာနေ့က သိရသည်။ အမေရိ ကန်အတိုးနှုန်းမြင့်တက်လာရေးနှင့် ဒေါ်လာတန်ဖိုးတက်လာရေးအတွက် အလုပ်အကိုင်များ ပိုမိုပေးနိုင်ရေးမျှော် လင့်ချက်သည် မှေးမှိန်သွားသည်။
အမေရိကန်အလုပ်လက်မဲ့ဦးရေသည် ၁၀ ရာခိုင်နှုန်းရှိသည်။ လူအတော်များ များ အလုပ်လက်မဲ့ဖြစ်လာသောကြောင့်ဖြစ်သည်။
ဒေါ်လာတန်ဖိုးကျနေသောငြားလည်း တန်ဖိုးမြင့်တက်လာနေသော ယန်းငွေကို တိုကျိုက ကိုင်တွယ်ဆောင်ရွက်နေသည့် လက္ခဏာ တွေ့ရသည်ဟုလည်း ငွေကြေးရောင်းဝယ်သူများကပြောသည်။