Pages

Tuesday, February 2, 2010

ဖမ်းဆီးရမိသော ဖောက်ခွဲရေးသမားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြည်တွင်းပြည်ပ သတင်းထောက်များအား တွေ့ဆုံ ရှင်းလင်း

2/Feb/2010
      ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၀ဇန်န၀ါရီ ၂၇ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်း

ထုတ်ပြန်ချက်ပေါ်မူတည်၍ ပြည်တွင်းပြည်ပမှ သတင်းထောက်များ အကျယ်တ၀င့်ထပ်မံ

သိလိုချက်များအား ရှင်းလင်းရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီသည်

ပြည်ထဲရေးဝန်ကြီးဌာန (ရုံးဟောင်း-ရန်ကုန်)တွင် ပြည်တွင်း ပြည်ပ သတင်းထောက် ၂၁

ဦးနှင့် တွေ့ဆုံ၍ ရှင်းလင်းခဲ့ပြီး  သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေ

ကြားခဲ့သည်။ ရှေးဦးစွာ ရဲချုပ်မှသတင်းထုတ်ပြန်ချက်အား ပေါက်ကွဲမှုဖြစ်စဉ်၊  ဖော်ထုတ်

ဖမ်းဆီးရမိမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းအခန်းကဏ္ဍစသည်ဖြင့် အပိုင်းခွဲ၍ရှင်းလင်း

ပြောဆိုခဲ့ပြီးနောက်  သတင်းထောက်များ၏   မေးမြန်းချက်များအား  ဖြေကြားခဲ့ကြောင်း

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါ

သည်။