ပက်ထရိရော့ဒုံးခွင်းဒုံးများကို အမေရိကန်ကတိုးမြှင့်ချထားခဲ့ပြီး ဝေ ဟင်မှပစ်လွှတ်လိုက်သောဒုံးကျည်များ အားပစ်ချနိုင်သည့် ရေတပ်သင်္ဘော များကိုတိုးမြှင့်နေသည်ဟု စစ်ဘက် တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ယင်းကဲ့သို့တိုးမြှင့်မှုများကိုလပေါင်း များစွာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဥရော ပနှင့်အာရှတွင် ဒုံးခွင်းစနစ်များတိုး မြှင့်ချထားခြင်းအစီအစဉ်၏ တစ် စိတ်တစ်ပိုင်းလည်းဖြစ်သည်။
ကြီးကြီးမားမားပြောင်းလဲထား သော ပဲ့ထိန်းဒုံးကျည်မဟာဗျူဟာ ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာ ကို အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်သို့တင်သွင်း ခဲ့သည်။ လန်ဒန်တွင်ပြုလုပ်ခဲ့သော အာဖဂန်ကွန့်ဖရင့်၌နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန်က မဟာ မိတ်နိုင်ငံများမှခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ အီရန်အပေါ်သံတမန် နည်းဖြင့် ကြိုးပမ်းမှုမအောင်မြင်ခြင်း ကြောင့် ပိတ်ဆို့အရေးယူမှုတိုးမြှင့် သွားမည်ဟု ပြောကြားခဲ့သည်။
ပင်လယ်ကွေ့ဒေသရှိ နိုင်ငံလေးနိုင်ငံတွင် တစ်နိုင်ငံလျင် ပက်ထရိ ရော့ဒုံးကျည်စခန်းနှစ်ခုစီရှိသည်ဟု အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေ ရိကန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဒေး ဗစ်ပက်ထရော့က ပြောကြားခဲ့သည်။ ယင်းနိုင်ငံအမည်များကို ၄င်းက ထုတ်ဖော်ခြင်းမရှိသော်လည်း ကူ ၀ိတ်၊ယူအေအီး၊ဘာရိန်းနှင့်ကာတာ နိုင်ငံများဖြစ်သည်ဟုစစ်ဘက်တာ ၀န်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အီရတ်နှင့်အာဖဂန်တွင် အဓိကလုပ် ဆောင်နေသောလေကြောင်းစစ်ဆင် ရေးအတွက် အဆင့်မြှင့်လုပ်ဆောင် ရသည့် စင်တာတစ်ခုကို ကာတာ တွင် အခြေစိုက်ထားသည်။ အခြား နိုင်ငံများတွင်ပက်ထရိရော့ဒုံးကျည် များ တိုးမြှင့်နေပြီး ပင်လယ်ကွေ့ တစ်လျောက်၌ Aegis ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသောသင်္ဘောများအချိန် မရွေးရှိနေကြောင်း ဗိုလ်ချုပ်ကြီး ပက်ထရော့က ပြောကြားခဲ့သည်။ |