![]() 3/Feb/2010 |
အီရန်နိုင်ငံအား ၄င်း၏ အဆင့်နိမ့်သန့်စင်ထားသော နျူကလီးယားလောင်စာများကို (ဘီဘီစီ) ရုရှားနှင့် ပြင်သစ်နိုင်ငံတို့သို့ ပို့၍ အဆင့်မြင့်သန့်စင်ပြီးလျှင် ဓာတ်ပေါင်းဖိုအတွက်လိုအပ် သော လောင်စာများကို အီရန်နိုင်ငံသို့ပြန်လည်ပေးပို့ရန် IAEA နှင့်အပေါင်းအပါခြောက် နိုင်ငံက သတ်မှတ်ပေးခဲ့သည်။ အီရန်နိုင်ငံသည် အဆိုပါတောင်းဆိုချက်ကို လပေါင်းများ စွာ ငြင်းဆန်နေပြီးနောက် ယမန်နေ့က ၄င်း၏ အဆင့်နိမ့်သန့်စင်ပြီးသောယူရေနီယံများ အား ရုရှားနှင့် ပြင်သစ်သို့ တင်ပို့ပေးမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေငြာခဲ့သည်။ ယင်း ကြေငြာချက်အရ အီရန်နိုင်ငံအနေဖြင့် ၄င်း၏ရပ်တည်ချက်ကို သိသိသာသာပြောင်းရွှေ့ ခဲ့သည်ဟု သတင်းထောက်များက ပြောဆိုကြသည်။ နိုင်ငံခြားသို့ ပေပို့ထားသောယူရေ နီယံများ ပြန်မရပါက မိမိနိုင်ငံတွင်းတွင် အဆင့်မြင့်သန့်စင်မှုကိုပြုလုပ်သွားမည်ဟုအီရန် သမ္မတက ထုတ်ဖော်ပြောဆိုသည်။ |