Pages

Monday, December 2, 2013

အောင်ဇော်ရဲမြင့်ရဲ့ မူးရစ်ဆေးသုံးစွဲမှု ( အရှုပ်အထုပ် အပိုင်း ၂ )

ကဲ ဒါက အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ထွက်ဆိုချက်နဲ့တကွ ဇာတ်လမ်းအရှုပ်အထုပ် ၊ အပိုင်း ၂ ဖြစ်ပါတယ်။ 

 အောင်ဇော်ရဲမြင့် ဖခင် ဗိုလ်ချုပ်ရဲမြင့်နဲ့ မိသားစတို့ရဲ့ မဟာအံ့ထူးကံသာဘုရားမှာ အလှူအတန်း ပြုထားတဲ့ မှတ်တမ်း


အပိုင်း-၂ *
-------------------------------
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ် ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များ အား ဆေးပြား များ ကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။

၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်း ကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့ တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက် ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့် တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။

အောင်ဇော်ရဲမြင့်နှင့်မူးယစ်ဆေးဝါး

၁၅။ အောင်ဇော်ရဲမြင့်သည် မီကာဆာဟိုတယ် အခန်းအမှတ် ၄၂၅ တွင် ရဲတံခွန်ဆောက်လုပ်ရေး ကုမ္ပဏီ ရုံး ခန်း ဖွင့် လှစ်ထားပြီး သူငယ်ချင်းများဖြစ်သည့် ကိုဇေ၊ ကျော်လှိုင်၊ ချမ်းကျော်၊ သရုပ်ဆောင် ချောချစ်၊ 
ကျော် ဘုန်းနိုင်၊ ကျော်စွာမြင့်နှင့် နေလင်းကျော်တို့နှင့်အတူ ရုံးသုံးပစ္စည်းများထားသည့် အိပ်ခန်းထဲ၌ မူးယစ် ဆေးဝါး အတူ သုံးစွဲတတ်ကြကြောင်း၊ တစ်ခါတစ်ရံ အောင်ဇော်ရဲမြင့် တစ်ယောက်တည်းလည်း စိတ်ကြွဆေး သုံးစွဲ တတ် ကြောင်း သိရှိရပါသည်။

၁၆။ ၂ဝဝ၆ စက်တင်ဘာလတွင် SAKURA ဟိုတယ်၌ အောင်ဇော်ရဲမြင့်၊ ချမ်းကျော်၊ ကျော်နိုင်ဦး (ခ) သား ပေါက် (ဗိုလ်ချုပ်စောထွန်း၏သားမက်) နှင့် အုန်းမွှေးလုံးတို့ရှိနေစဉ် အောင်ဇော်ရဲမြင့်မှ အေးထွန်း (ဗိုလ်ချုပ် ကျော်ဘ၏ သားမက်) အား ဖုန်းဖြင့်လှမ်းခေါ်ခဲ့ပြီး အေးထွန်းရောက်ရှိလာကာ WY နှင့် ရှူသည့် ကိရိယာဗူးများ ယူလာခဲ့ပြီး WY ဆေးပြားများကို အတူသုံးစွဲကြသည်။ ကလပ်မှ အပြန်တွင်လည်း အေးထွန်း ၏ အိမ်သို့ လိုက် သွား ၍ WY ဆေးပြားများကို အတူသုံးစွဲတတ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

၁၇။ ကျော်လှိုင်၊ ဖြူဖြူ၊ အောင်ဇော်ရဲမြင့်၊ မောင်ဝိတ်နှင့် ချမ်းကျော်တို့သည် တစ်ခါတစ်ရံတွင် အင်းယား လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ Ralex KTV တွင် ၃/၄ ကြိမ် သွားရောက်၍ WY, Ecstasy နှင့် Katamin Powder ကို သုံးစွဲကြကြောင်း၊ တစ်ခါသုံးလျှင် ၁၅ ပြားမှ အပြား ၂ဝ အထိ သုံးစွဲကြကြောင်း သိရသည်။
WY ဆေးပြားနှင့် Katamin Powder များကို မောင်ဝိတ်မှ ယူလာပေးပြီး ဝေငှသုံးစွဲကြကြောင်း၊ 
မောင်ဝိတ်ထံ တွင် WY, Ecstasy, Katamin Powder ဆေးပြားများအပြင် Happy ဆေးပြားများရှိနေပြီး Club သို့လာလျှင် ပါလာတတ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို မောင်ဝိတ်၏ တပည့် ကျော်ဖုန်းနိုင်
နှင့် အုန်းသီးတို့အား ပေးထား တတ်ကြောင်း သိရှိရပါသည်။

၁၈။ ဖမ်းဆီးရမိ တရားခံ မင်းနိုင်သည် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိုင်အိုးနီးယားကလပ်သို့ သွားစဉ် နဝရတ် မှ မိတ်ဆက်ပေးသည့်အတွက် အောင်ဇော်ရဲမြင့်မှ စတင်သိရှိခဲ့သည့်နောက် Ecstasy ဆေးပြား များနှင့် စိတ်ကြွဆေးပြားများကို အပြန်အလှန်ပေး၍ သုံးစွဲခဲ့ကြသည်။ 
၂ဝဝ၈ခုနှစ် မတ်လ ပထမပတ်တွင် အောင်ဇော်ရဲမြင့် က မင်းနိုင်အား ပိုင်အိုးနီးယားကလပ်တွင် WY ဆေးပြား ၇ဝ ပြားကို မွေးနေ့ လက်ဆောင်အဖြစ် ဘောင်းဘီအိတ်ထဲသို့ ထည့်၍ပေးခဲ့သည်။
၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက် နေ့ တွင်လည်း တရားခံမင်းနိုင်၏ မွေးနေ့အတွက် Ecstasy ဆေးပြား ၃ဝ ပြားကို Pioneer ကလပ်တွင်ပေး ခဲ့ပြီး ရင်းနှီးမှုအရ WY ဆေးပြားများနှင့် Ecstasy ဆေးပြားများကို ပိုင်အိုးနီးယား က လပ် နှင့် BME ကလပ်တို့တွင် အပြန်အလှန် ပေးခဲ့ကြောင်း သိရှိရပါသည်။ 
အောင်ဇော်ရဲမြင့်သည် အထက်ပါ ကလပ် ၂ ခုတွင် စိတ်ကြွဆေး ပြားများအား ခင်မင်ရင်းနှီးသူ သူငယ်ချင်းများကို လိုက်လံဝေငှပေးလေ့ရှိကြောင်း သိရှိရပါသည်။

၁၉။ အောင်ဇော်ရဲမြင့်သည် BME ကလပ်သို့ သွားရောက်၍ တစ်ခါတစ်ရံတွင် Ecstasy ဆေးပြားများ သုံးချင် သည့် အခါ ကျော်နိုင်ဦး (ခ) သားပေါက်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူလာခိုင်းတတ်ကြောင်း၊ ထိုဆေးပြား များ ကို သားပေါက် (ခ)ကျော်နိုင်ဦး၊ ဖြူဖြူ (ခ) အုန်းမွှေးလုံး၊ သရုပ်ဆောင်ပြည့်ဖူးခိုင်နှင့် သရုပ်ဆောင် ချောရတနာ တို့မှ ခွဲဝေသုံးစွဲကြောင်း၊ တစ်ခါတစ်ရံ ရန်ကင်းမြို့နယ်ရှိ သားပေါက် (ခ)ကျော်နိုင်ဦး၏ နေအိမ်သို့သွားရောက်၍ လည်း ဆေးပြားများသုံးစွဲကြောင်း သိရှိရပါသည်။

၂ဝ။ အောင်ဇော်ရဲမြင့်သည် ၄င်းနေထိုင်သည့် အောက်ကြည့်မြင်တိုင်လမ်း၊ ရဲတံခွန်တာဝါ ၁၁ လွှာရှိ ၄င်း၏ အခန်း သို့ ခင်မင်ရင်းနှီးသူ သူငယ်ချင်း ကျော်နိုင်၊ ကိုဇေ၊ ချမ်းကျော်၊ ချောချစ်၊ ကျော်သူဝင်း၊ ဘိုဘိုနိုင်၊ ဘိုဘိုနိုင်၏ဇနီး ခင်လွင်မာဝင်း၊ နဝရတ်၊ ပြည့်ဖူးခိုင်၊ နိုင်လင်း၊ မင်းနိုင်၊ ဂန္တဝင် တို့နှင့်အတူ စိတ်ကြွဆေးပြား များကို သုံးစွဲလေ့ရှိပါသည်။ 
ဆေးပြားများကို ဘီဒို (သို့) ဘောင်းဘီအတွင်းမှ ထုတ်ပေးလေ့ရှိပြီး ခွက်တစ်ခု အတွင်းသို့ အပြား ၅ဝ ခန့်ထည့် ၍ ပေးလေ့ရှိပြီး တစ်ခါတစ်ရံ ဆေးပြား ၂ဝဝ ပြား ခန့်ထိ ချထားပေးကြောင်း၊ လာရောက်သူ မိတ်ဆွေများကို ဧည့်ခန်းတစ်ခု အတွင်း နေရာချထားပေးပြီး နေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် ဆေးပြား များကို ကော်ဗူးဖြင့် ထည့်၍ တင်ထားပေးကြောင်း၊ သုံးစွဲနိုင်ရန်နှင့် ဆေးပြားသုံးစွဲရာတွင် လိုအပ် သည့် ရေဗူး၊ ပိုက်၊ ခဲပြား အစုံအလင်တို့ကို အသင့်ထားရှိပေးကြောင်း သိရှိရပါသည်။ 
ထွက်ချက်များအရ အောင်ဇော်ရဲမြင့်သည် WY ဆေးပြားများကို ပို၍ ကြိုက်နှစ်သက်ပြီး တစ်လုံးပြီးတစ်လုံး ဒလစပ်သုံးစွဲပြီး တစ်ခါတစ်ရံတစ်နေ့လျှင် ဆေးပြားအလုံး ၅ဝ ခန့်အထိ သုံးစွဲကြောင်း၊ ဖော်ထုတ်သိရှိရပါ သည်။
တစ်ခါတစ်ရံ ၃/၄ ရက် ဆက်တိုက် အိပ်နေတတ်သလို အောင်ဇော်ရဲမြင့် သည် ၄င်း၏ရဲတံခွန် ၁၁ လွှာ အဆောက် အဦအတွင်း CCTV ကင်မရာများ တပ်ဆင်ထားပြီး ထိန်းချုပ်သည့် မော်နီတာ တစ်လုံးထားရှိပြီး ၄င်းမှ အမြဲစစ်ဆေး ကြည့်ရှုနေတတ်ကြောင်း သိရှိရပါသည်။

၂၁။ အောင်ဇော်ရဲမြင့်သည်ျွှ့ ဆေးပြားများကို ၂ဝဝ၆/၂ဝဝ၇ ခုနှစ်အတွင်း အောင်မိုး၊ အမှတ် ၃၁၇၊ မဟာဗန္ဓုလ လမ်း၊ ဗိုလ်တထောင်မြို့နယ်နေသူထံမှလည်း ဝယ်ယူရရှိခဲ့ပြီး အောင်မိုးအား ၁-၁၂-၂ဝဝ၇ ရက်နေ့တွင် ရန်ကုန် မူးယစ် (အရှေ့) အထူးအဖွဲ့မှ ဖမ်းဆီးရမိပြီးဖြစ်ပါသည်။ 
ထို့အပြင် မောင်ဝိတ်၏တပည့် ကျော်ဖုန်းနိုင်ထံမှ လည်း ကောင်း၊ သားပေါက် (ခ)ကျော်နိုင်ဦးထံမှ လည်းကောင်းရရှိပြီး ရွှေဂုဏ်သူအိမ်ရာနေ ဆံရှည်ဖိုးချို (ခ) ပြူးကြောင် ထံမှလည်း အမြဲဝယ်ယူရ ရှိခဲ့ကြောင်း သိရှိရပါသည်။

၂၂။ အောင်ဇော်ရဲမြင့်သည် ၂ဝဝ၅/၂ဝဝ၆ ခုနှစ်၊ မန္တလေးသင်္ကြန်တွင် မောင်ဝိတ်နှင့်အတူ သင်္ကြန် မဏ္ဍပ်တွင် လာရောက်၍ ရေကစားသူများကို Ecstasy ဆေးပြားများအား နာရီဝက်လျှင်တစ်ကြိမ် ပါးစပ်ထဲသို့ လိုက်၍ ထည့်ပေးကြောင်း၊ မောင်ဝိတ်နှင့်အောင်ဇော်ရဲမြင့်၏ တပည့်များက စိတ်ကြွ
ဆေးပြား များကို အမှုန့်ကြိတ်ပြီး Coke အအေးဗူးများထဲသို့ထည့်၍ မဏ္ဍပ်သို့ လာရောက်သည့် အဆိုတော်များ၊ ရုပ်ရှင် သရုပ်ဆောင်များ၊ ရေ ကစားသူများကို လိုက်၍ တိုက်ခဲ့ကြောင်း၊ ထိုနှစ် သင်္ကြန် ကာလများအတွင်း Ecstasy ဆေးပြားများ သုံးစွဲရန် အတွက် မောင်ဝိတ်ကုမ္ပဏီမှ MD အောင်မင်း က Ecstasy ဆေးပြားများကို မလေးရှားနိုင်ငံသား ရေလုပ်ငန်း လာရောက်လုပ်ကိုင်သူ Mr. Peter Teo Huat How၊ နိုင်ငံကူးလက်မှတ်အမှတ် ၁၆၁၄ဝ၁၄၆၊ အခန်း ၂ဝ၁၊ တိုက် ဘီ ၃ အောင်ဇေယျရိပ်မွန် အလုံမြို့နယ်နေသူ ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

၂၃။ လတ်တလောတွင် မလေးရှားနိုင်ငံ၌ရှိနေပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၁ဝ ကြိမ်၊ ၂ဝဝ၈ ခုနှစ် အတွင်း ၃ ကြိမ် ဝင်/ထွက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ Mr. Peter Teo Huat How သည် ရန်ကုန်မြို့သို့ စိတ်ကြွဆေးပြားများ သွင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ၄င်းအား ကူညီဖော်ထုတ် ဖမ်းဆီးပေးရန် ၂၁-၅-၂ဝဝ၈ ၂၂-၅-၂ဝဝ၈ နေ့ထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပသည့် နိုင်ငံတကာ မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေးအဖွဲ့များ၏ ပစ်မှတ် (Target Meeting)တွင် ပစ်မှတ်တင်၍ ဆွေးနွေးခဲ့ ပါသည်။

အောင်ဇော်ရဲမြင့်၏လူမှုရေးကဏ္ဍ

၂၄။ အောင်ဇော်ရဲမြင့်သည် ရိုင်းစိုင်းကြမ်းတမ်းသူတစ်ဦးဟု ၄င်း၏ ပတ်ဝန်းကျင်မှ သတ်မှတ်ခံရသူဖြစ်ပါ သည်။ 
ကလပ်များသို့ရောက်ရှိချိန်တွင် ၄င်း၏ဖခင်မှာ မြန်မာနိုင်ငံတွင် နံပါတ် ၅ အဆင့်ရှိကြောင်း ဖခင်အရှိန် အ၀ါသုံး လုပ်ဆောင်မှုများရှိကြောင်း၊ ၄င်းအားကလပ်ထဲတွင် သီးသန့် နေရာပေးရခြင်း၊ ဂရုတစိုက် ကြည့်ပေးရခြင်း၊ အရိုအသေပေးရခြင်းကို ကလပ်ဝန်ထမ်းများက ပြုလုပ်ပေးခဲ့ရသူဖြစ်ပါသည်။ 
ကလပ်တွင်းရှိ အခြားသူများနှင့် ပြဿနာဖြစ်မည်စိုးသဖြင့် ကလပ်ထဲသို့စတင်ရောက်ရှိချိန်မှ ပြန်သည့် အချိန်အထိ ကလပ်ဝန်ထမ်းများ ဂရု တစိုက်ကြည့်ရှု စောင့်ရှောက်ပေးနေရ၍ ကလပ်ဝန်ထမ်းများက 
အောင်ဇော်ရဲမြင့် ကလပ်လာမည်ကိုပင် မလို လားကြကြောင်း၊ လူအများအပေါ်တွင် အနိုင်ကျင့်ပြုမူ ဆက်ဆံခြင်း၊ စကားအပြောအဆို ရိုင်းစိုင်းခြင်းနှင့် တစ်ခါ တစ်ရံ ကိုယ်ထိလက်ရောက် စော်ကားခြင်း များပြုလုပ်သဖြင့် ကလပ်သို့ လာသူများမှ ရှောင်ရှားခံရသူ ဟုလည်း သိရှိရပါသည်။။
တစ်ခါတစ်ရံ စားပွဲထိုးဝန်ထမ်းများအား စိတ်တိုင်းမကျပါက လူပုံအလယ်တွင် ဒူးထောက် ခိုင်း ခြင်း၊ ပါးရိုက်ခြင်း များပြုမူတတ်ကြောင်း၊ အရက်မူးသည်ဖြစ်စေ၊ မမူးသည်ဖြစ်စေ လူအများ အပေါ်တွင် နိုင်ထက် စီးနင်းပြောဆို တတ်ခြင်း၊ ကလပ်ထဲတွင် ဖန်ခွက်များရိုက်ခွဲခြင်း၊ ဘေးနားရှိလူများနှင့် ဝန်ထမ်းများအား အကြောင်းမဲ့ ပြဿနာ ရှာခြင်းများ ပြုလုပ်သဖြင့် ဝန်ထမ်းများမှ မုန်းတီးလွန်း၍ သတ်ဖြတ်ပစ်ရန်ပင် ကြံစည်ကြဖူးကြောင်း ထွက်ဆိုသိ ရှိ ရပါသည်။ 
ထို့အပြင် ကလပ်သို့ ရောက်ချိန်တွင် ဖွင့်ဆဲသီချင်းများကိုပိတ်ပြီး ၄င်းထံတွင်ပါလာသည့် မြန်မာသီချင်းများ၊ တစ်ခါတစ်ရံ ဘုရားရှိခိုးခွေများကို ဖွင့်ခိုင်းခြင်းများ ပြုလုပ်တတ်၍ ကလပ်သို့လာရောက်သည့် သူများ မှာထ၍ ပြန်သွားကြောင်း၊ ကလပ်သို့ ရောက်လျှင် အရက်ပုလင်းအဆင်သင့်မချထားပါက ဝန်ထမ်းများ အား လက်သီး ဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
 
(-ဆက်ရန်)
Credit Ko Tunwai