Pages

Monday, December 2, 2013

စိုးမြတ်သူဇာရဲ့ ရဲစစ်ချက် ကိုယ်တိုင်ထွက်ဆိုချက် ( အရှုပ်အထုပ် အပိုင်း ၃)

ဒါကတော့ မိုးဇေငြိမ်းရဲ့ စစ်ဗိုလ် သားသမီးတွေနဲ့ အရှုပ်အထုပ် အပိုင်း ၃ ၊ စိုးမြတ်သူဇာရဲ့ ရဲစစ်ချက်မှာ ကိုယ်တိုင် ထွက်ချက်တွေပါ။ 



 ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး

၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်၊ ဗွီဒီယို သရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်) ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -
၇။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၈။ လက်ရှိနေရပ်လိပ်စာ - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၉။ မွေးရပ်ဇာတိ - ရန်ကုန်
၁ဝ။ ပညာအရည်အချင်း - နောက်ဆုံးနှစ် (သမိုင်း)
၁၁။ ဇနီး / ခင်ပွန်း - ဦးမျိုးမင်း
၁၂။ မွေးချင်း ညီအစ်ကို မောင်နှမများ - (၄) ဦး
(၁) စစ်ဆေးခံရသူ (၂) စိုးမြတ်ကလျာ (၃) စိုးသူရနိုင် (ယခု အမေရိကရောက် ) (၄) စိုးမြတ်နန္ဒာ
၁၃။ သား/သမီးများ - -
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၃ဝ-၄-၂ဝဝ၈ /ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့
၁၅။ ကိုယ်ပုံသဏ္ဍာန် - ဆံပင်နက်ဖြောင့်၊ ဂုတ်ထောက်၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ မျက်စိနက်၊ နားရွက်ကြီးကပ်၊ မျက်နှာလေးထောင့်ကျ၊ ကိုယ်လုံးတောင့်၊ အရပ် ၅ ပေ ၆ လက်မခန့်ရှိ၊ အောက်နှုတ်ခမ်းအမာရွတ်ရှိ





ကိုယ်ရေးရာဇဝင်အကျဉ်း


၁၆။ ကျွန်မသည် ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသမီး ဖြစ်ပါသည်။ ကျွန်မသည် ငယ်စဉ်က ခ - လ - ရ (၆) တပ် အ - မ - က ကျောင်းတွင် စတုတ္တတန်းထိပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းကို မှော်ဘီတပ်ကြီးကုန်း အ - လ - ကကျောင်းတွင်လည်းကောင်း၊ ဆဋ္ဌမတန်းမှ ဒဿမတန်းအောင်သည်ထိ ထားဝယ် အ - ထ- က ၁ တွင် လည်းကောင်း၊ တက္ကသိုလ်ပညာအား အဝေးသင်တက္ကသိုလ် (ရန်ကုန်)တွင် နောက်ဆုံးနှစ်ထိ ပညာသင်ကြားခဲ့ပါသည်။

၁၉၈၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ၂ဝဝဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ SALEM မြို့နေ (ဘ) ဦးချစ်ကို၏သား ဦးမျိုးမင်းနှင့် အိမ်ထောင်ကျခဲ့ပါသည်။ ကျွန်မ၏ခင်ပွန်းမှာ အမေရိကန်နိုင်ငံတွင် ABERY ကုမ္ပဏီတွင် ငွေစာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။
ကျွန်မတို့သည် အမေရိကန်နိုင်ငံ၊ Califonia ပြည်နယ် Salen City တွင် ၃ နှစ်ခန့် နေထိုင်ပါသည်။ ၄င်းနောက် လော့စ်အင် ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး မလေးရှားစားသောက်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။ ကျွန်မ ခင်ပွန်း၏ မိသားစုများ မှာ လာ့စ်ဗီးဂတ်စ် စီးတီး တွင်နေပါသည်။ ၄င်းမြို့တွင်လည်း နောက်ထပ် စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါ သည်။

၁၇။ ကျွန်မသည် ကိုမျိုးမင်းနှင့် လက်ထပ်ပြီးနောက် ၂ဝဝ၃ ခုနှစ်၊ မေလခန့်တွင် ပထမတစ်ကြိမ်၊ ၂ဝဝ၅ ခုနှစ် စက်တင်ဘာ လ တွင် ညီမငယ် စိုးမြတ်နန္ဒာ၏ မင်္ဂလာဆောင်သို့ ဒုတိယတစ်ကြိမ် လာရောက်ရင်း ၄-လခန့် နေထိုင်ခဲ့ပြီးနောက် အမေရိ ကန် နိုင်ငံသို့ ပြန်သွားခဲ့ပါသည်။
အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ် ၂ပတ်ခန့် နေထိုင်ပြီး ၂ဝဝ၆-ခုနှစ် သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံ သို့ ပြန်လာခဲ့ပါသည်။ 
၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့်အမေရိကန် နိုင်ငံ အသွားအပြန် ၄ ကြိမ်ခန့်ရှိခဲ့ပါသည်။ ကျွန်မ မြန်မာနိုင် ငံသို့ နောက်ဆုံး ပြန်လာသည့်ရက်မှာ ၂၂-၃-၂ဝဝ၈-ရက်နေ့ဖြစ်ပါသည်။ 
ကျွန်မ မြန်မာနိုင်ငံသို့ပြန်လာစဉ် ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ တစ်ကြိမ်နှင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာလ တစ်ကြိမ်တို့တွင် ကျွန်မနှင့်အတူ ခင်ပွန်းသည် ဦးမျိုးမင်းလည်း လိုက်ပါခဲ့ပါသည်။ 
ကျွန်မရန်ကုန်သို့ ပြန်လာလျှင် မိဘများနေထိုင်သည့် ဖော်ပြပါလိပ်စာတွင် နေထိုင်ပါသည်။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

၁၈။ ၂ဝဝ၆-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင်ကျွန်မ ရာမဆေးပြား စတင်သုံးစွဲခဲ့သည့် နေ့ဖြစ်သဖြင့် ကျွန်မအမှတ်ရနေ ပါ သည်၊ ထိုနေ့မှာနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။
ဆီဒိုးနားဟိုတယ်စတိတ်ရှိုးရှိသဖြင့် သူငယ်ချင်းဖြစ်သူ ထူးမွန်၊ မြတ်ကေသီအောင် တို့နှင့်ချိန်းဆို၍ သွားရောက်ခဲ့ပြီး ဆီဒိုး နား ဟိုတယ်တွင် အခန်းတစ်ခန်း ငှားယူပြီး အခန်းမှနေ၍ စတိတ်ရှိုးကြည့်ခဲ့ပြီး ရာမဆေးပြားကို စတင်သုံးစွဲခဲ့ပါသည်။
သူငယ်ချင်းဖြစ်သူ ထူးမွန်နှင့် မြတ်ကေသီအောင်တို့မှာ ယခင်ထဲကရာမဆေးပြားသုံး စွဲဘူးသူများဖြစ်၍ ၄င်းတို့မှ ရာမဆေး ပြား ကို ယူလာခဲ့ခြင်းဖြစ်ပါသည်။ ၄င်းအခန်းတွင်ပင် ဆေးပြားရှူသည့်ရေသန့်ဗူးနှင့် ခဲပြားကို ၄င်းတို့ ၂ ဦးမှ ပြင်ဆင်ပြီး ၃ ဦး အတူ သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနေ့က ရာမဆေးပြား ၅ ပြားကို မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မမှာ ရာမ ဆေးပြား ၁ လုံးသာ သုံးစွဲခဲ့ပါသည်။

ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း

၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး၊ ကျွန်မနှင့် မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက် ရန် သွားရောက်ခဲ့ပါသည်။ ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း ကျွန်မ တို့မှ သိရှိထား သည့် အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံ မှ ဆေးပြား
တောင်းယူခဲ့သဖြင့် ၄င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါ သည်။ ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီး မှ ဆေးပြားသုံးစွဲရန် ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။
၎င်းနောက်ပိုင်းတွင် ရာမဆေးပြားသုံးစွဲလိုသည့်အခါ ကိုသားကြီး (ခ) ဒွေးထံသို့သွား၍ သုံးစွဲခဲ့ပါသည်။ ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင် ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။ 
ဆေးပြားဖိုး ကိုတော့ ၄င်းဝယ်ယူသည့် ဈေး နှုန်း အတိုင်း ကျွန်မတို့မှ ပေးရပါသည်။ ဆေးပြား ၁ပြားလျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည်။

ဒွေး (ခ) သားကြီး၏ ချိတ်ဆက်ပေးမှုကြောင့် မဖြိုး (ခ) ဖြိုးသူသူဝင်းနှင့်သိရှိခဲ့ခြင်း

၂ဝ။ ၂ဝဝ၇ ခုနှစ် ဒွေးမကွယ်လွန်မီ ဒွေး (ခ) ကိုသားကြီး တောင်ကြီးမြို့သို့ ရုပ်ရှင်ကားရိုက်ထွက်စဉ် ကျွန်မ ဆေးပြားလို အပ်၍ ဒွေး (ခ) သားကြီးထံသို့ ဖုန်းဆက်ရာ ဒွေးမှ မဖြိုး၏ ဖုန်းအားဆက်ပြီး ကျွန်မတို့နှင့် ဆက်သွယ်ပေးပါသည်။ မဖြိုး၏ ဖုန်းနံပါတ်ကိုလည်း ကျွန်မတို့အား ပေးခဲ့ပါသည်။
မဖြိုးအား ကျွန်မမှ ဖုန်းဖြင့် ဆက်သွယ်ရာ မဖြိုးမှ ၄င်းနေအိမ်သည် ဗဟန်း မြို့နယ်၊ နှင်းဆီကုန်းဆေးခန်းဘေးရှိ တိုက်တွင် နေထိုင်ကြောင်း၊ ဒွေးမှလည်း ဖုန်းဆက် အကြောင်းကြားထား ကြောင်း၊ ဆေးပြားလိုလျှင် လာရောက်ယူရန်ပြောသဖြင့် ကျွန်မ၏ အကူအလုပ်သမားဖြစ်သူ အသေးလေးအား ဒေါ်လာ လဲသည်ဟု ပြောပြီး ကျွန်မမှ ပိုက်ဆံပေးကာ မဖြိုး၏ နေအိမ်သို့ သွားရောက်ယူခိုင်းခဲ့ပါသည်။
မဖြိုးမှ ဆေးပြားများကို စာအိတ် ၂ လုံးထပ်၍ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မ မဖြိုးထံမှ ဆေးပြားတစ်ကြိမ်ယူလျှင် ၅ဝ ပြားယူပါသည်။ မဖြိုးအား ဆေးပြား ၁ ပြားလျှင် ၂ဝဝဝိ/-မှ ၄၅ဝဝိ/-အထိ ပေးရပါသည်။

ညီမဖြစ်သူစိုးမြတ်ကလျာမှ ဆေးပြားရရှိအောင် ဆောင်ရွက်ပေးခြင်း

၂၁။ ကျွန်မသည် မဖြိုးထံမှ ဆေးပြားဝယ်ယူရာတွင် ၁ ပြားလျှင် ၄၅ဝဝိ/-နှုန်းဖြစ်ကြောင်း ညီမဖြစ်သူ စိုးမြတ်ကလျာအား ပြောပြခဲ့ရာ ညီမဖြစ်သူမှ ၄င်းထံတွင် ဆေးပြား ၁ပြားလျှင် ၄ဝဝဝိ/-နှုန်းဖြင့် ဝယ်ယူရရှိနိုင်သူ ရှိကြောင်း ပြောပြခဲ့သဖြင့် ညီမဖြစ်သူမှတစ်ဆင့် တစ်ခါယူလျှင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ တစ်ထုပ်ကို ကျွန်မနှင့် ဆုဒါလီတို့ တစ်ယောက် တစ်ဝက် ခွဲ၍ ယူပါသည်။ထိုသို့ ၂/၃ ကြိမ်ခန့် ညီမဖြစ်သူထံမှ ရရှိခဲ့ပါသည်။
ညီမဖြစ်သူ မစိုးမြတ်ကလျာမှ ၄င်းဆေးပြား များကို မည်သည်ထံမှ ဝယ်ယူကြောင်းကိုတော့ ကျွန်မ မမေးမိ၍ မသိရပါ။ ညီမဖြစ်သူ စိုးမြတ်ကလျာထံမှ နောက်ဆုံး အ ခေါက်ကို ၂ဝဝ၈ ခုနှစ် သင်္ကြန်မတိုင်မီက ၂ဝဝပြားပါတစ်ထုပ်အား ရရှိခဲ့ ပါသည်။ ၄င်းဆေးပြား၂ဝဝ ပြားထဲမှ ဆုဒါလီမှ မယူ တော့သဖြင့် ကျွန်မတစ်ဦးတည်း ယူထားရပါသည်။

ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်သွားစဉ် ယူဆောင်သွားသည့် WY ဆေးပြားများကိစ္စ
၂၂။ ကျွန်မ ယခုအခေါက် ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန် သွားရောက်ခဲ့စဉ် ကျွန်မယူထားသ ည့် ဆေးပြား၂ဝဝ ပြားပါ ထုပ်မှ ကျွန်မသုံးစွဲထား၍ အပြည့်မရှိတော့သည့် ဆေးပြားထုပ်အား အဝတ် အစား သေတ္တာထုပ် ဖြင့် ထည့်၍ ကျိုက်ထီးရိုး သို့ သွားသည့် ဘက်စ်ကားတွင် တင်ပေးလိုက်ပါသည်။ 
ကျိုက်ထီးရိုးသို့ ရောက်ရှိပြီး ဒါရိုက်တာ ကိုမိုက်တီးမှ ဆေးပြား ကျွန်မ ထံတွင် ရှိသေးလျှင် မျှရန်ပြော သဖြင့် ဆေးပြား ၅ဝ ပြားကို ပေးခဲ့ရပါသည်။
ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးမှလည်း ၄င်းတွင်ဆေးပြားမပါ ၍ ကျွန်မထံမှ ဆေးပြား ၁ဝ ပြား အား ချေးယူသဖြင့် ပေးခဲ့ရပါ သည်။ 
၎င်းအား ဆေးပြားပေးပြီး နောက်တစ်နေ့တွင် ကိုလွင်မိုးထံ သို့ ဆေးပြားပေးသူ ရောက်ရှိလာကြောင်း ကျွန်မအား ပြောပြပြီး ကျွန်မထံမှ ချေးယူထား သော ဆေးပြား ၁ဝ ပြားကို ပြန်ပေးသွားပါသည်။ကျွန်မတို့ ကျိုက်ထီးရိုးမှ ပြန်သည့်နေ တွင် ကျွန်မထံတွင် ကျန်ရှိနေ သည့် ဆေးပြား ၁ဝ ပြားကို ဒါရိုက်တာ မိုက်တီး မှ တောင်းသဖြင့် ကျွန်မပေးခဲ့ပါသည်။
ကျွန်မဆေးပြားသုံးရခြင်းမှာ ကျွန်မသည် သရုပ်ဆောင် လုပ်သည့်အပြင် ဝတ္ထုဇာတ်ညွှန်းရေးသည့် အလုပ်ကိုလည်း လုပ်ပါ သည်။ ကျွန်မ စိတ်ကြွရူးသွပ် ဆေးပြား သုံးစွဲပြီး ဝတ္ထုရေးလျှင် ကြာရှည်စွာ စာရေးနိုင်သည့်အတွက် သုံးစွဲခြင်း ဖြစ်ပါသည်။

အောင်ဇော်ရဲမြင့်ထံတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ခြင်း

၂၃။ အောင်ဇော်ရဲမြင့်ထံတွင် WY ဆေးပြားများကို အမြဲရရှိနိုင်ပြီး ၄င်းထံသို့ သွားရောက်ပါက မည် သည့် ဆေးပြား ကိုမဆို အလွယ်တကူရရှိနိုင်ပြီး အများအပြား ရှိကြောင်း ကြားဖူးပါသည်။ 
ရောင်းချခြင်းမဟုတ်ဘဲ သူငယ်ချင်း အပေါင်းအသင်းများ အား ၄င်းနေထိုင်သည့်အိမ်တွင် အခမဲ့ အလွယ် တကူ ဝေငှသုံးစွဲကြပါသည်။

ရုပ်ရှင်လောကမှ WY ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများ

၂၄။ ကျွန်မသိရှိသလောက် ရုပ်ရှင်လောကအတွင်း WY ဆေးပြားသုံးစွဲသူများ မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) မင်းမော်ကွန်း ( သရုပ်ဆောင် )
( ခ ) နန္ဒာလှိုင် ( ယခင်သုံးစွဲ အစာအိမ်ဖြစ်၍ ယခု သုံးစွဲခြင်းမရှိ )
(ဂ ) မြတ်ကေသီအောင် ( သရုပ်ဆောင် )
( ဃ) ဆုဒါလီ ( သရုပ်ဆောင် )
( င ) အာရုံဦး ကိုဇော် ( ဒါရိုက်တာ )
( စ ) မောင်မျိုးမင်း ( ဒါရိုက်တာ )
( ဆ) ညိုမင်းလွင် ( ဒါရိုက်တာ )
( ဇ ) လွင်မိုး ( သရုပ်ဆောင် )
( ဈ ) နေထက်လင်း ( သရုပ်ဆောင် )
( ည) မိုက်တီး ( ဒါရိုက်တာ )
( ဋ ) လူမင်း ( သရုပ်ဆောင် )
( ဌ ) သဉ္ဇာဝင့်ကျော် ( သရုပ်ဆောင် )
( ဍ ) သားညီ ( သရုပ်ဆောင် )

ရုပ်ရှင်လောကမှ Ecstasy ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများမှာ-
(က) နဝရတ်
( ခ) သဉ္ဇာဝင့်ကျော်

အဆိုတော်လောက WY ဆေးပြား သုံးစွဲသည့်ဟု ကြားသိရသူများမှာ-

( က ) မျိုးကျော့မြိုင်
( ခ ) R ဇာနည်
( ဂ ) ဖြိုးကြီး

ပြန်လည်ဖတ်ကြည့်ရာ မှန်ကန်ပါသည်။
အစစ်ခံသူ - မစိုးမြတ်သူဇာ
စစ်ဆေးသူ - (၁) ရဲမှူး ဒေါ်သန်းအေး၊ မူးယစ်တရားမဝင်ငွေကြေးပစ္စည်းစုံစမ်းစစ်ဆေးရေးအဖွဲ့
(၂) ဒုရဲအုပ် ခင်မောင်အေး၊ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ့