Pages

Monday, December 2, 2013

စစ်ဗိုလ်သားသမီးများနဲ့ ကျော်ကြားတို့ရဲ့ အရှုပ်အထုပ် အပိုင်း ၁

စစ်ဗိုလ်သားသမီးများနဲ့ ကျော်ကြားတို့ရဲ့ အရှုပ်အထုပ် အပိုင်း ၁

အခုတလော ရုပ်ရှင် မင်းသမီး၊ မော်ဒယ်တချို့နဲ့ စစ်ဗိုလ်ချုပ်သားတွေ အရှုပ်တော်ပုံကိစ္စ မိုးဇေငြိမ်း က ပို့စ်တွေ တင်ထားတာ လူအတော် စိတ်ဝင်စားပြီး ကာယကံရှင်တွေရဲ့ ထွက်ဆိုချက်တွေမူရင်း အတိုင်း 
ဖော်ပြချက်တွေဟာ အားလုံး သိသင်လို့ MM Play Boys က ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 





၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေး ဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်း တည် ဆောက် ခဲ့ ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ် ရိပ်သာ လမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူး မည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါ သည်။ 
သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့ နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွ
ဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum 
ဆေးပြား ဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင် ခဲ့ကြောင်း လည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

(၂) စစ်ကြောဖော်ထုတ်ချက်များအရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအမှတ် မ-၄/င နေ အေးထွန်း (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက်)သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး အပြန်တွင် အပြာရင့်ရောင်လင်းပိုင်တံဆိပ် ECSTASY ဆေးပြားများ အား သယ်ဆောင်လာခဲ့ကြောင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ECSTASY ဆေးပြားများကို အမေရိကန်နိုင်ငံမှ ပင် ဒုတိယအကြိမ်သယ်ဆောင်ခဲ့ကြောင်း၊ ECSTASY ဆေးပြားများကိုညီဖြစ်သူ ဗိုလ်ကြီးဟောင်း ထင်ပေါ်ထွန်း၊ သူငယ်ချင်း မြင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း၏သား မျိုးမင်းတင်ထွန်း၊ ဗိုလ်ကြီးဟောင်း နေထွန်းတို့နှင့်အတူ Hot Short Club၊ကန်တော်ကြီး ဟိုတယ်နှင့် BME2 Club တို့တွင်သွားရောက် ကခုန်ရင်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ 
၂ဝဝ၅ ခုနှစ်တွင် အေးထွန်းသည် ဗိုလ်ချုပ် စောထွန်း၏သားမက် သားပေါက် (ခ) ကျော်နိုင်ဦးနှင့် ရင်းနှီးရာမှ သားပေါက်၏ နေအိမ်နှင့် Club များတွင် ဂန္တဝင်၊ မိုးဟေကိုတို့နှင့်အတူ ECSTASY 
ဆေးပြားများ သုံးစွဲခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင် လည်း မောင်ဝိတ်ထံမှရရှိသည့် ECSTASY 
ဆေးပြား များကို သားပေါက်မှတစ်ဆင့်ရရှိခဲ့၍ သုံးစွဲ ခဲ့ကြောင်းသိရှိရပါသည်။

XXXXXXX
(၅) ၂ဝဝ၆ ခုနှစ်တွင် အောင်ဇော်ရဲမြင့်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုစဉ်က မလေးရှားနိုင်ငံရှိ လူမိုက်ဂိုဏ်း တစ်ခုမှ မန်နီးဆိုသူလာရောက် တွေ့ဆုံကြောင်း သိရှိရပါသည်။ 
မန်နီးက အောင်ဇော်ရဲမြင့်အား ထိပ်တန်း စားသောက်ဆိုင်များ၊ ကလပ်များသို့ ခေါ်ယူဧည့်ခံခဲ့ပြီး တွေ့ ဆုံသူတိုင်း ကို အောင်ဇော်ရဲမြင့် မှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်းကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ကာစီနိုဝိုင်းသို့ သွားရောက်သည့်အခါ အောင်ဇော်ရဲမြင့်အား မောင်ဝိတ် Family ဟု အမည်စာရင်း ကြိုတင်ပေးခဲ့ကြောင်း သိရှိရပါသည်။ 
မလေးနိုင်ငံသား မန်နီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြအောင်တို့၏ ၁၃-၅-ဝ၇ နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော မင်္ဂလာပွဲသို့ လာရောက်ခဲ့ပြီး ရွှေမြန်မာဟိုတယ်၌ ၁၂-၅-ဝ၇ နေ့နှင့် ၁၃-၅-ဝ၇ နေ့တွင် တည်းခိုခဲ့ကြောင်း သိရှိရပါသည်။

WY စိတ်ကြွဆေးပြားများစီးဝင်မှု
၇။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ် ၁၂ တွင် အောင်နိုင်ဆိုသူထံမှ စိတ်ကြွဆေးပြား ၂၆၆၂ ပြား ဖမ်းဆီးရမိခဲ့ပါသည်။ အောင်နိုင်သည် အဆိုပါဆေးပြားများအား တန့်ယန်းမြို့နယ်၊ နမ့်ပေါင်ရွာနေ ညီစမ်း ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ညီစမ်းမှာတန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ သွားရောက် ဝယ်ယူခြင်း ဖြစ်ပြီး ဆန်ရုန်းအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ထောက်လှမ်း စုံစမ်းလျက် ရှိပါသည်။ xxxxxx

၈။ အောင်နိုင်သည် အဆိုပါဆေးပြားများအား ညီစမ်းမှတစ်ဆင့် တန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးပြား ၁ဝဝ ပြားပါ တစ်ထုပ်လျှင် ၂ သိန်း ၆ သောင်း ကျပ်ဖြင့် ဆေးပြား ၇၅ ထုပ်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ပေး၍ ကိုယ်တိုင်သွားရောက် ဝယ်ယူခဲ့ခြင်းဖြစ် ပါသည်။ 
အောင်နိုင်သည် လားရှိုးမှ မန္တလေးသို့ ဆလွန်းကား၊ ကားစပါယ်ယာဘီးထည့်သည့် အံဝှက်ထဲတွင်ထည့်၍ သယ်ဆောင်ခဲ့ပြီး မန္တလေးမှ ရန်ကုန်သို့ လီယို၊ နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်များဖြင့်သယ်ဆောင် ခဲ့ပြီး ဗဟန်းမြို့နယ်ရှိ EXCEL ဟိုတယ်၊ မင်္ဂလာဒုံ မြို့နယ်ရှိ Myanmar Life ဟိုတယ်တို့၌ တည်းခိုရင်း သိမ်းဆည်းထားကာ ထက်ထက်အောင်၊ စည်သူ၊ မဖြိုး၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနှင့် ၄င်းတို့၏ဦးလေး ကိုအောင်ထံ ရောင်းချကြောင်း၊ ထိုသူများက တစ်ဦးလျှင် တစ်ပါတ် တစ်ကြိမ် ဆေးပြား ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၉။ ယခုစီးဝင်မှုလမ်းကြောင်းတစ်ခုမှာ မဖြိုး (ခ) ဖြိုးသူသူဝင်းသည် ၂ဝဝ၂ ခုနှစ်ခန့်မှစ၍ ရုပ်ရှင်သရုပ်
ဆောင် ထက်ထက်မိုးဦးနှင့်အတူ နေထိုင်လျက်ရှိရာမှ WY စိတ်ကြွဆေးပြားများကို စတင်သုံးစွဲတတ်ပြီး ၂ဝဝ၃/၂ဝဝ၄ ခုနှစ်တွင် မဖြိုးကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်လာခဲ့ပါသည်။ ဆေးပြားများကို အလုံမြို့နယ်၊ သီတာရုပ်ရှင်ရုံအနီးနေ ကချင်အမျိုးသမီး ဆိုင်ခေါန်ပန်းနှင့် စမ်းချောင်းမြို့နယ်နေ ကချင်လူမျိုးအဂွမ်းတို့ထံမှ ဝယ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။ 
ထိုအချိန်ကမဖြိုးသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက် အေးထွန်း၊ ကျောက်စိမ်းနဂါး ကုမ္ပဏီ နေလင်းထွန်း၏သား တင်အောင်ဦးနှင့် ကောင်းမြတ်သူတို့ မူးယစ်ဆေးဝါးကိစ္စဖြင့် ဖမ်းဆီးခံရ သည်ကို ကြောက်ရွံ့၍ ဆက်လက်မသုံးစွဲဘဲ ခေတ္တရပ်တန့်ထားခဲ့ပါသည်။

၁ဝ။ မဖြိုးသည် WY ဆေးပြားများကို ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ်အတွင်း ဖြန့်ဖြူးခဲ့သူ လည်း ဖြစ်ပါ သည်။ 
၂ဝဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထက်ထက်အောင်မှ မိတ်ဆက်ပေးမှုကြောင့် အောင်နိုင်နှင့် စတင် သိကျွမ်းခဲ့ပြီး WY ဆေးပြားများကို တစ်ပြားလျှင် ၃ဝဝဝိ/-နှုန်းဖြင့် အောင်နိုင်ထံမှ ဝယ်ယူခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး(ကွယ် လွန်) နှင့် ၄င်း၏တပည့် ဖိုးကျော် (အကယ်ဒမီ)၊ စိုးမြတ်ကလျာ၊ မင်းထိုက်အောင်၊ မောင်မောင်သိန်းနှင့် ဖမ်းဆီး ရ မိသူ အဓိကတရားခံမင်းနိုင်တို့ အား ပြန်လည်ဖြန့်
ဝေ ရောင်းချခဲ့ပါသည်။ 
ရုပ်ရှင်မင်းသား ဒွေးမှ တစ်ပါတ် ဆေးပြားတစ်ကြိမ်ယူလျှင် ၁ဝဝ မှ ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိပြီး တစ်ခါတစ် ရံ နယ်ရိုက်ကွင်းများသို့ လိုက်လံ၍ စိတ်ကြွဆေးပြားများကို ပို့ပေးခဲ့ရကြောင်းလည်း သိရပါသည်။ 
၂ဝဝ၇ ခုနှစ်မှ စ၍ ဒွေးသည် မဖြိုးထံမှ WY စိတ်ကြွ ဆေးပြားများကို ဒိုင်ခံဝယ်ယူသုံးစွဲခဲ့ပြီး မကွယ်လွန်မီ အချိန်အထိ မဖြိုးနှင့် ဆက်သွယ်မှုရှိ၍ စိတ်ကြွဆေးပြား များကို ဝယ်ယူသုံးစွဲခဲ့သူဖြစ်ပါသည်။ 
ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှာ ငွေ ကြေး မပြည့်စုံသည့် အတွက် ဒွေးက ဝေခြမ်းခွဲဝေ ပေးသည့် စိတ်ကြွဆေးပြားကိုသာ သုံးစွဲရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။ ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာနှင့် စိုးမြတ်ကလျာတို့မှာ တစ်လလျှင် ၂ ကြိမ်ခန့်ဝယ်လေ့ ရှိပြီး တစ်ကြိမ်ဝယ် လျှင် စိတ်ကြွဆေးပြား ၅ဝမှ ၁ဝဝ ထိဝယ်ယူ တတ်ကြောင်း၊ ဆေးပြားဖိုးကျသင့်ငွေကို ဆေး ပြား လာရောက်ယူ ဆောင်သူ အိမ်ဖော် မိန်းကလေးနှင့် တပါတည်း ထည့်၍ ပေးကြောင်း သိရှိရပါသည်။
- (ဆက်ရန်)

(မှတ်ချက် - အစီရင်ခံစာနဲ့ စစ်ချက်တွေ ပေါင်းရင် စာမျက်နှာ ရာနဲ့ချီတာမို့ ဖြတ်တောက်ထား ပါတယ်။ အမြီး ရှည်ရှည်နဲ့အကောင်တွေနဲ့ပတ်သတ်နေလို့ ပြည်ထဲရေးက လျှော့လျှော့ပေါ့ပေါ့နဲ့ ရေးထားရတဲ့ အစီရင်ခံစာ လည်း ဖြစ်ပါတယ်။)
credit: Ko Tunwai