Pages

Tuesday, April 13, 2010

တရုတ်ပြည် တွင် အင်အားပြင်းထန် သည့် ငလျှင် ကြောင့် လူ ၆၉ ဦး သေဆုံး

April 14, 2010 Freedom News Group


တရုတ်ပြည် ငလျှင်
Update : Minute By Minute တရုတ် နိုင်ငံ အနောက်ပိုင်းပြည်နယ်တစ်ခု ဖြစ်သည့် ချင်ဟိုင်း ပြည်နယ် တွင်
ယနေ့ မနက်အစောပိုင်း ဒေသစံတော်ချိန် နံနက် ရး၄၉ တွင် အင်အား ၆.၉ မက်ဂနီကျူ အဆင့် ရှိ ငလျင်တစ်ခု လှုပ်သွား
ကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့ က သတင်းထုတ် ပြန်သည်။
ငလျှင်ကြောင့် လူ  ၇၀ ကျော် သေဆုံးခဲ့သည် ဟု ဆင်ဟွာ သတင်း ဌာန က သတင်းထုတ် ပြန်သည်။

ငလျှင် ၏  ဗဟိုချက်မှ သည် မိုင်၁၅၀အထိ ရှိသည် ဟုသိရသည်။ငလျှင်ငယ်များသည် ပင်မငလျှင်ကြီး
လှုပ်ပြီး နာရီ အတန်ကြာအထိ တိဘက် နှင့် ဇင်းကျန်း နယ်စပ် များတွင် ငလျှင် ငယ်များ ဆက်လက်လှုပ်ခဲ့
သည် ဟု သိရသည်။
ငလျှင် လှုပ်ခတ်ခဲ့သည့် နေရာ အချို့ သည် တရုတ်ပြည်၏ ကုန်းတွင်းပိုင်း ဒေသများဖြစ်သောကြောင့်
သေဆုံးမှု စာရင်း အတအကျ မသိရသေး ဟု တရုတ် ငလျှင် နှင့် သဘာဝ ဘေးဒဏ် ကာကွယ်ရေးဌာန
ကပြောသည်။
ငလျှင်လှုပ်ခတ်ခဲ့သည့် နေရာသည် တိဘက် ပြည် နှင့် နီးပြီး ထိုဒေသသည် လူဦးရေရှစ်သောင်းကျော်
နေထိုင်သည်။

၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ် တွင် လှုပ်ခတ်ခဲ့သော ငလျှင်ကြောင့် လူတစ်သိန်းနီးပါးသေဆုံးခဲ့သည်။