Pages

Tuesday, April 20, 2010

မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးကိုစစ်ခွေးတွေကကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ညာပြီးတင်သွင်းမည်ဖြစ်ကြောင်းသိရ





မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာ နိုင်ငံခွေးအခွင့်အရေးအဖွဲ့က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် တင်သွင်း မည်ဖြစ်ကြောင်း ဧပြီလ ၇ ရက်နေ့ ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
ယင်းကဲ့သို့တင်သွင်းနိုင်ရန်အတွက် အစီရင်ခံစာပြုစုရန် ဖွဲ့စည်း ထားသောအဖွဲ့အစည်းများတွေ့ဆုံ  အစည်းအဝေးကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မဟော်သဓာ ခန်းမ၌ ဧပြီလ ၅ ရက်နေ့က ကျင်း ပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ပြုစုရေးနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကိုလည်း နေပြည်တော်ရှိ ပြည်ထဲ ရေး ၀န်ကြီးဌာန၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့သေးသည်။
မြန်မာနိုင်ငံ   ခွေးအခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌမှာ ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီး ဗိုလ်ချုပ်မောင်ဦးဖြစ်ပြီး အဖွဲ့ကို ၂၀၀၀ ပြည့်နှစ် ဧပြီလ ၂၆ ရက်နေ့တွင်ဖွဲ့စည်းခဲ့ကာ ယင်းအဖွဲ့အောက်၌ ပြည်ထဲရေးဆိုင်ရာဆပ် ကော်မတီ၊ ဥပဒေရေးဆိုင်ရာ ဆပ်ကော်မတီ၊ လူမှုရေးဆိုင်ရာ ဆပ်ကော်မတီ၊ အလုပ်သမားရေးဆိုင်ရာ ဆပ်ကော်မတီ၊ ကျန်းမာရေး ဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေးဆိုင်ရာ ဆပ်ကော်မတီ၊ နိုင်ငံတကာဆိုင်ရာ ဆပ်ကော်မတီ၊သာသနာရေးဆိုင်ရာ ဆပ်ကော်မတီနှင့် အမျိုးသမီးရေး ဆိုင်ရာ ဆပ်ကော်မတီဟူ၍ ဆပ် ကော်မတီကိုးခုတို့ကို ဖွဲ့စည်းထား ကြောင်း သိရှိရသည်။