Pages

Tuesday, April 20, 2010

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများကို သတင်းပေးပါကစစ်ခွေးတွေက ကုန်ကုန်ခမ်းခမ်း ငွေကျပ် ၁၀ သိန်း US$1000များတောင်ချီးမြှင့်သွားမည်ဟု ကြေညာထား(တော်ပါတော့စစ်ခွေးတွေရယ် စောက်ရှက်မရှိတိုင်း ညာမနေနဲ့ )

PDF Print E-mail
Share

    သင်္ကြန်ကာလ အကြတ်နေ့ (ဧပြီလ ၁၅ ရက်နေ့) မွန်းလွဲ ၃ နာရီ ၀န်းကျင်တွင် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O  မဏ္ဍပ်ရှေ့တွင်ဖြစ်ပွားခဲ့သော ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲမှု၌ကျူးလွန်သူမှာ မသင်္ကာဖွယ်ရာ အဖျက်သမားနှစ်ဦးဖြစ်ကြောင်းနှင့် အဖျက်သမားများနှင့်ပတ်သက်၍ သတင်းပေးသူအား ငွေကျပ် ၁၀ သိန်းချီးမြှင့်မည်(တော်တော်များတဲ့ငွေနော် US$1000များတောင် ) သက်ဆိုင်ရာ က ရပ်ကွက်အချို့တွင် ကြေညာထားကြောင်း သတင်းရရှိသည်။

    ထိုသို့ကြေညာထားချက်နှင့် ပတ်သက်၍ ''ကျွန်တော်တို့နားမှာ ကြေညာချက်ကို သင်ပုန်းမှာရေးပြီးကြေညာထားတာကို ဖတ် လိုက်ရပါတယ်။ အဲဒီမှာ ဧပြီလ ၁၅ ရက်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် မသင်္ကာဖွယ်ရာ အဖျက်သမားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေ ဆုံးဒဏ်ရာရရှိခဲ့ရာ အဆိုပါ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သူအားတွေ့ရှိသူများမှ သတင်းပေးပို့နိုင်ရန် ကူညီဆောင်ရွက်ပေးပါက ငွေကျပ် ၁၀ သိန်းချီးမြှင့်မယ်လို့ ရေးထားတာကို ကျွန်တော် ဖတ်ခဲ့ရပါတယ်''ဟု ရန်ကင်းမြို့နယ် နေသူတစ်ဦးက ဆိုပါသည်။



ဒီဗုံးပေါက်ကွဲမှုကို ပြုလုပ်သွားတဲ့တရားခံတွေ သတင်းပေးတဲ့သူရှိရင် ဆုငွေချီးမြှင့်မယ်။ ပြီးတော့ မသင်္ကာတဲ့သူတွေကိုလည်း အများပြည်သူတွေသိအောင် ကြေညာထားပါတယ်။ 

   အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း ကြေညာချက်များကပ်ထားပြီး သင်္ကြန်ကာလ အတွင်းက တွေ့ရသော မသင်္ကာသူများ၏ ဓာတ်ပုံမှတ်တမ်းအချို့ကို ကပ်၍ အသိပေးကြေညာထားကြောင်း သိရသည်။

    ယင်းဗုံးပေါက်ကွဲမှုတွင် အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး သေဆုံးခဲ့ (ဧပြီလ ၁၇ နှင့် ၁၉ ရက်တို့တွင် နှစ်ဦးထပ်မံသေဆုံးခဲ့) ပြီး ဒဏ်ရာရသူ ၁၇၀ ဦး ရှိခဲ့ကြောင်း ဒဏ်ရာရသူအချို့မှာ ဒဏ်ရာများသက်သာသွားပြီဖြစ်၍ တက်ရောက်ကုသနေသော ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရ သည်။

    ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များထဲတွင် ဒဏ်ရာရသူများထဲ၌ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးတစ်ဦး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူတစ်ဦး၊ တက္ကသိုလ်ကျောင်းသား တစ်ဦး စသည်တို့ပါဝင်ကြောင်း သိရှိရ သည်။

    ဗုံးပေါက်ကွဲမှုနှင့် ပတ်သက် ၍ ဒဏ်ရာရစာရင်းနှင့်သေဆုံးသူ စာရင်းများကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ စတင်ကြေညာချိန်၌ သေဆုံးသူခြောက်ဦးနှင့် ဒဏ်ရာရသူ ၇၀ ဦးဖြစ်သော်လည်း နောက် ပိုင်းတွင် Breaking News ဖြင့် ဆက်လက်ကြေညာရာတွင် သေဆုံးသူရှစ်ဦးနှင့် ဒဏ်ရာရသူ ၁၇၀ ဦးဟု အတည်ပြုကြေညာခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

    ဗုံးပေါက်ကွဲမှုတွင် ကျူးလွန်သူ အဖျက်သမားများအား ဖမ်းဆီးရမိရန် သက်ဆိုင်ရာကစုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဖျက်သမားများအား ဖမ်းမိရေးအတွက် ပြည်သူများပူးပေါင်းပါဝင်ကူညီရန် နှိုးဆော်ထားကြောင်း သတင်းကြေညာချက်များအရ သိရသည်။

    ''ကျွန်တော်တို့ ရပ်ကွက်တွေ မှာ ဒီဗုံးပေါက်ကွဲမှုကို ပြုလုပ်သွားတဲ့ တရားခံတွေ သတင်းပေးတဲ့သူ ရှိရင် ဆုငွေချီးမြှင့်မယ်။ ပြီးတော့ မသင်္ကာတဲ့သူတွေကိုလည်း အများပြည်သူတွေသိအောင် ကြေညာထား ပါတယ်။ ဒီကြေညာချက်မှာသင်္ကြန် တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာပါဝင်တဲ့ သံသယဖြစ်ဖွယ်အရှိဆုံး ဓာတ်ပုံတွေ ကို ပြည်သူတွေသိရှိနိုင်အောင် ဖော်ပြပေးထားပါတယ်။ ပြည်သူတွေ အနေနဲ့လည်း အမှုအတွက်တရားခံ ဖော်ထုတ်မှုမှာ ပူးပေါင်းပါဝင်နိုင်ဖို့ လိုပါတယ်''ဟု တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

    ထိုသို့ထုတ်ပြန်ကြေညာမှုများကို ရန်ကုန်မြို့ရှိ ခရိုင်ကြီးလေးခုအတွင်းရှိ ရပ်ကွက်အချို့တွင် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

 
သာကေတမြို့နယ်အတွင်း အများပြည်သူ သိရှိသတင်းပေးနိုင်ရန် ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်