Pages

Sunday, May 16, 2010

ကြိုတင်ပြင်ဆင် ဘယ်လိုမဲခိုးရမည် သင်တန်းများ ပြီးစီးပါက ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား


    ကြိုတင်ပြင်ဆင် ဆောင်ရွက် ရမည့်လုပ်ငန်းများ ပြီးစီးပါက ခွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း မေလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။


    ယင်းကဲ့သို့ တွေ့ဆုံရာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ် နှင့်အတူ လိုက်ပါလာသော အမေရိကန် သံရုံး ယာယီတာဝန်ခံ လာရီဒင်ဂါ က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို သိလိုပါကြောင်း မေးမြန်းချက်နှင့်ပတ်သက်၍ ၄င်း၏ ဖြေကြားချက်တွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဥက္ကဋ္ဌ ဦးသိန်းစိုးက ''ခွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည်ဟု ကြေညာထားပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာသွားမည်ဖြစ်ကြောင်း''ဟု ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြချက်အရ သိရသည်။