Pages

Sunday, May 16, 2010

လက်ရှိခွေးတွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဖွတ်ပါတီ) တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ်ကြောင်း ပြည်ထောင်စု ခွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား






လက်ရှိဝန်ကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း မေလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
    ယင်းကဲ့သို့ တွေ့ဆုံရာတွင် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ်နှင့် အတူ လိုက်ပါလာသော အမေရိကန် သံရုံး ယာယီတာဝန်ခံ လာရီဒင်ဂါ က ၀န်ကြီးများအနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီ တည်ထောင်ခွင့်ပြု နိုင်/မနိုင် မေးမြန်း ချက်နှင့်ပတ်သက်၍ ၄င်း၏ဖြေကြားချက်တွင် အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့သည်။
    ဥက္ကဋ္ဌ ဦးသိန်းစိုးက''ပါတီ တည်ထောင်လိုသူများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေ ပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ၀န်ကြီး များသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post  သာ ဖြစ်ပါကြောင်း၊ ....လက်ရှိဝန်ကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ်ပါကြောင်း''ဟု ပြောကြားခဲ့ သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးအား အမွေခံအခြေပြုပြီး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းဟု အသင်းအထွေထွေ အတွင်းရေးမှူးဦးဌေးဦးက အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

    ထို့ပြင်ဖွဲ့စည်းမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဖွတ်ပါတီ)အနေနှင့် ပြည်သူများ၏လိုအင်ဆန္ဒအတိုင်း အေးချမ်းသာယာပြီး စစ်ခွေးတွေကင်းရှင်းတဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် အဓွန့်ရှည် တိုးတက်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းဖွဲ့စည်းခြင်း ဖြစ်ပါကြောင်းကိုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

     နိုင်ငံတော်ခေွး ကြီးချုပ်ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် ဧပြီလ ၂၉ ရက်နေ့က လျှောက်ထား ခဲ့ပြီး မေလ ၄ ရက်နေ့တွင် နိုင်ငံရေး ပါတီတည်ထောင်ခွင့်ပြုခြင်း ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။