Pages

Tuesday, June 1, 2010

မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေးပါတီများ အနေဖြင့် သတ်မှတ်ထားသော ပါတီဝင်အင်အား စာရင်းကို ရက်ပေါင်း ၉၀ အတွင်း ခွေးကော်မရှင်သို့ မတင်ပြနိုင်ပါက ပယ်ဖျက်ခံရမည် ဖြစ်ကြောင်း အသိပေးကြေညာ



မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေးပါတီများအနေဖြင့် သတ်မှတ်ထားသော ပါတီဝင်အင်အား စာရင်းကို ရက်ပေါင်း ၉၀ အတွင်းခွေး ကော်မရှင်သို့ မတင်ပြနိုင်ပါက ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က မေလ ၂၈ ရက်နေ့တွင် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
    ပြည်ထောင်စုတစ်ဝန်းလုံး တွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း ၀န်ခံချက်(သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေအနည်းဆုံး ၅၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ၀န်ခံချက်များနှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားရမည် ဖြစ်ကြောင်း ယခုနှစ် မတ်လ ၈ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း ဥပဒေပအရ သိရသည်။

    မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ  ၄၂ ပါတီရှိသွားပြီ ဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၃၁ ပါတီ အနက် ၂၄ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ခွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

    ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများပြီးစီးပါက ရွေး ကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာသွားမည်ဟု ပြည်ထောင်စု ခွေးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားထားသည်။