ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တွင် ဇွန်လ ၁၉ ရက်နေ့  တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ ကြပါသည်။
ပထမပိုင်းအစီအစဉ်တွင် တက်ရောက်လာသော အဖွဲ့ အစည်းပေါင်းစုံ၏စုရုံးဟောပြောတောင်းဆိုမူ့  များဖြင့် Capital Building အပြင် ဖက်တွင်နေ့ လည် ၁ နာ၇ီမှ ၃နာ၇ီ ၃၀ အထိ၎င်း ဒုတိယပိုင်းအစီအစဉ်ကို “National City Christian Church” တွင် ငြီမ်းချမ်းရေးမိခင် ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးရာဇဝင် နှင့်  နိုင်ငံရေး လှုပ်ရှားမှု့ သမိုင်း အပြင် အမေရိကန် လွတ်တော်အမတ်များ နှင့်  ငြီမ်းချမ်းရေး နိုဘယ်ဆုရှင်များအဖွဲ့ ကပေးပို့ လာသောသဝဏ်လွှာများကို ကိုဖတ်ကြားခြင်းများကိုပြူလုပ်ခဲ့ ပါသည်။ ထို့ အပြင် “National City Christian Church” မှ မြန်မာရိုးရာအက ပုဂံရိုးရာအက မြန်မာဒိုးပတ်အကအပြင်မချောအိသိမ်း ၏ ဒေါ်အောင်ဆန်းစုကြည်အကြောင်း နှင့်  မော်ဒန်အနုပညာ စသည် တို့  ဖြင်ဝေဝေဆာဆာတင်ပြခဲ့ ပါသည်။
ထိုအခန်းအနားသို့  New York, ,North Carolina , Baltimore, Vergina, Indiana တို့ မှတက်ကြွ သူများ ၂၀၀ နီးပါးတက်ရောက်အားပေးခဲ့ ပါသည်။ အခန်းအနားကို ည ၇ နာရီ ၃၀ ခန့်  တွင်မြန်မာဒီမိုအရေစီငြိမ်းချမ်းရေး မိခင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကိုအောင် မြင်စွာကျင်းပခဲ့ ပါသည်။
Happy Birthday အမေ စုရေ