Pages

Sunday, June 20, 2010

မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားလျက် ရှိသည့် နျူကလီးယား အစီအစဉ်များနှင့် စပ်လျဉ်း၍ IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ် ခွေးံအမတ်ကြီး ဦးတင်ဝင်းက IAEA မှ Division of Operations A, Department of Safeguards ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr.Marco Marzo ထံသို့ ပြန်ကြားစာ ပေးပို့

မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားလျက် ရှိသည့် နျူကလီးယား အစီအစဉ်များနှင့် စပ်လျဉ်း၍ IAEA မှ Division of Operations A, Department of Safeguards ၏ ညွှန်ကြားရေးမှူး ဖြစ်သူ Mr.Marco Marzo က IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ်နှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်းထံသို့ ဇွန် ၁၄ ရက် ရက်စွဲဖြင့် ပေးစာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါပေးစာတွင် အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခဲ့သည့် သတင်းမှတ်တမ်းပါအတိုင်း မြန်မာနိုင်ငံတွင် ယူရေနီယမ်သတ္တုအား ပုံစံပြောင်းခြင်း၊ အင်အားကောင်းမွန်အောင် ပြုလုပ်ခြင်း (သို့မဟုတ်) နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း (သို့မဟုတ်) တည်ဆောက်လျက်ရှိခြင်း (သို့မဟုတ်) ယခင်က ဆောက်လုပ်ထားသည့် အစီအစဉ် ရှိခဲ့ခြင်း (သို့မဟုတ်) လာမည့် အနာဂတ်ကာလတွင် ဆောက်လုပ်ရန် စီမံထားခြင်း ရှိ/မရှိ စသည်တို့ကို IAEA သို့ ပြန်ကြားပေးပါရန် ဖော်ပြပါရှိကြောင်း သိရှိရသည်(ညာနေတာလေ) အဆိုပါ အကြောင်းကြားစာနှင့် စပ်လျဉ်း၍ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက Mr.Marco Marzo ထံသို့ ဇွန် ၁၈ ရက် ရက်စွဲဖြင့် ပြန်ကြားစာ ပေးပို့ခဲ့သည်။ ယင်းပြန်ကြားစာတွင် မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းနှင့် စပ်လျဉ်းသည့် ပြည်ပသတင်း မီဒီယာများ၏ စွပ်စွဲ ပြောကြားချက်များသည် အခြေအမြစ် မရှိသည့် မခိုင်လုံသော သတင်း အချက်အလက်များသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယူရေနီယမ် ပြောင်းလဲထုတ်လုပ်မှု၊ ယူရေနီယမ် လောင်စာ အဆင့်မြှင့် သန့်စင်မှု၊ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှု၊ အသုံးပြု လည်ပတ်မှုစသည့် နျူကလီးယား ဆိုင်ရာ လုပ်ငန်းများကို အတိတ်ကာလက လည်းကောင်း၊ ယခုလက်ရှိ ကာလ၌လည်းကောင်း ဆောင်ရွက်ခဲ့ခြင်း၊ ဆောင်ရွက်နေခြင်း မရှိသကဲ့သို့ အနာဂတ်ကာလတွင်လည်း ဆောင်ရွက်ရန် စီစဉ်ထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နျူကလီးယား ပစ္စည်းများနှင့် စက်ရုံများအား IAEA ၏ စောင့်ကြည့်အကဲခတ်မှု အောက်တွင် ထားရှိရေးဆိုင်ရာ သဘောတူညီချက် (Safeguards Agreement)နှင့် ၄င်း၏ နောက်ဆက်တွဲတို့ကို ၁၉၉၅ ခုနှစ်တွင် သဘောတူ လက်မှတ်ရေထိုးပြီး ဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့် အတိုင်း နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက IAEA သို့ အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်ဟု ဖော်ပြပါရှိကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။