Pages

Wednesday, June 2, 2010

နေပြည်တော်ခရိုင်တွင် မဲရုံတည်ဆောက်ပုံနှင့် ဘယ်လို မဲခိုး၇မည့် ပုံသဏ္ဌာန်များကို သရုပ်ဖော်ပြသခဲ့





   ခွေးပြည်တော်ခရိုင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်းကို မေလ ၂၂ ရက်နေ့တွင် ခွေးပြည်တော် ပျဉ်းမနား အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန် ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်း ရရှိခဲ့သည်။

    အဆိုပါသင်တန်းတွင် ပြည်ထောင်စု ခွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ရွေးကောက်ပွဲဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

    ထို့နောက် တိုင်းကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်ဝင်းနှင့် ဦးကျော်သန်းထွန်းတို့က ရွေးကောက်ပွဲဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    အလားတူပင် ခရိုင်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးဖေခင်နှင့်  ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ဦးခင်စိုးတို့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသေးစိတ်ဆွေးနွေး တင်ပြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပြီး မဲရုံတည်ဆောက်ပုံနှင့် မဲပေးသည့်ပုံသဏ္ဌာန်များဘယ်လို မဲခိုး၇မည့် ပုံသဏ္ဌာန်များကို ကို သရုပ် ဖော်ပြသခဲ့ကြကြောင်း သိရသည်။

    အဆိုပါသင်တန်းကို မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။