အာဖရိက Gabon ရှိ OVENDO ဆိပ်ကမ်းတွင် ရပ်နားထားသော M.V SWIFT SPLIT သင်္ဘောမှ မြန်မာသင်္ဘောသား ၁၄ ဦးသည် လစာမရရှိခြင်းနှင့် စားသောက်ရေး ခက်ခဲသည့် အငတ်ဘေးအား ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ''လစာမရတာ မတ်လက တည်းကပါ။ လစာမရလို့ ခုသင်္ဘောပေါ်မှာ တော်တော်လေးကို အခက်အခဲ ဖြစ်နေပါတယ်။ ဒီအကြောင်းကို မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း (MOSA) ကို ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားထားပြီး SECD ကို စာပို့ပြီး အကြောင်းကြား ထားပါတယ်''ဟု ယင်းသင်္ဘောပေါ် တွင် တာဝန်ထမ်းဆောင်နေသော မြန်မာသင်္ဘောသားတစ်ဦးက ဇွန်လ ၁၈ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ် ပြောပြခဲ့ပါသည်။ ယင်းသင်္ဘောရှိ မြန်မာသင်္ဘော သား ၁၄ ဦး၏ မိသားစုဝင်များသည် ဇွန်လ ၁၈ ရက်နေ့တွင် MOSA သို့ လာရောက်အသိပေး တိုင်ကြားခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။ |