Pages

Sunday, June 20, 2010

အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ကဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်ပြည့် မွေးနေ့ပွဲ

ယနေ့ ၁၉.၆.၂၀၁၀ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်ပြည့် မွေးနေ့ပွဲနှင့် မြန်မာ့နိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားကိုအင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့တွင်
ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မြန်မာ့ဒီမိုကရေစီအင်းအားစုများ၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများနှင့် မြန်မာ့မိတ်ဆွေများ အင်အား (၄၀)ကျော်ခန့် တတ်ရောက်ခဲ့ပါတယ်။ 
အခမ်းအနား၏ ထူးခြားမှုမှာ မွေးနေ့ပွဲကျင်းပခြင်းအပြင် တတ်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များကလက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။