Pages

Sunday, July 25, 2010

တရုတ်သင်္ဘောကုမ္ပဏီများက တရုတ်သင်္ဘောကျင်းများထံမှ ၀ယ်ယူမှု ကျဆင်းခဲ့ပြီး တောင်ကိုရီးယားက တရုတ်ကို ကျော်၍ ကမ္ဘာ့ထိပ်တန်း သင်္ဘောတည်ဆောက်သည့် နိုင်ငံပြန်ဖြစ်လာ


Hyundai
 တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်ရှိ ဟွန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်း သင်္ဘောကျင်းကို ၂၀၀၅ ခုနှစ်က တွေ့ရစဉ်
        ဥရောပသင်္ဘောလိုင်းများ၏ ၀ယ်လိုအား မြင့်တက်လာသောကြောင့် ယခုနှစ် ပထမ လေးလတွင် တောင်ကိုရီးယားသည် တရုတ်ကို ကျော်ကာ ကမ္ဘာ့သင်္ဘောအများဆုံး တည်ဆောက်သည့် နိုင်ငံ ပြန်ဖြစ်လာခဲ့ကြောင်း တောင်ကိုရီးယား စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
        ဟွန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်း၊ ဆမ်ဆောင်းအကြီးစား စက်မှုလုပ်ငန်းနှင့် ဒေ၀ူးသင်္ဘောတည်ဆောက်ရေး လုပ်ငန်းတို့ ကဲ့သို့သော ပြည်တွင်းသင်္ဘော တည်ဆောက်ရေး လုပ်ငန်းများသည် ဇန်န၀ါရီလမှ ဧပြီလအတွင်း ကုန်အမှာစာ compensated gross tons(CGT) တန် ၂ ဒသမ ၄ သန်းထိ ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း သင်္ဘောအမှာစာ စုစုပေါင်း၏ ၄၃ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ဉာဏစီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
        ဒုတိယနေရာမှ တရုတ်သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများသည် တန် ၁ ဒသမ ၉ သန်းရရှိခဲ့ပြီး တောင်ကိုရီးယားက တန်  ၅၀၀၀၀၀ ကျော် အသာရခဲ့ကြောင်း ဉာဏစီးပွားရေး ၀န်ကြီးဌာနကဆိုသည်။ တောင်ကိုရီးယားသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သင်္ဘောတည်ဆောက်ရေးတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် တရုတ်က ကျော်တက်သွားခဲ့သည်။
        တရုတ်သင်္ဘောကုမ္ပဏီများက တရုတ်သင်္ဘောကျင်းများထံမှ ၀ယ်ယူမှု ကျဆင်းခဲ့ပြီး တောင်ကိုရီးယားသင်္ဘောများကို ဥရောပသင်္ဘောလိုင်းများက ၀ယ်ယူမှု မြင့်တက်ခဲ့ကြောင်း ဉာဏစီးပွားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများသည် drill ship ရေနံတွင်းတူး သင်္ဘောကဲ့သို့သော အဆင့်မြင့်သင်္ဘောများ တည်ဆောက်လာနိုင်သောကြောင့် ပထမသုံးလတွင် သင်္ဘောကျင်းများ တည်ဆောက်မှု ၂၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တင်ပို့မှု ၆ ဒသ မ ၄ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ကြောင်း  ယခုအစီရင်ခံစာက ဆိုသည်။