Pages

Saturday, July 24, 2010

အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ၃၅ ဒေါ်လာပဲပေးရမယ့် iPad ပုံစံမျိုး LapTop Computerတီထွင်ရောင်းချ

ဈေးအပေါဆုံး ကွန်ပျူတာ အိန္ဒိယ တီထွင်

India's Human Resource Development Minister Kapil Sibal displays a
 recently unveiled prototype of a US$35 basic touch screen tablet aimed 
at students, which it hopes to bring into production by 2011low-cost 
tablet at its launch in New Delhi, 22 July 2010
ဓာတ်ပုံ AP
မကြာခင် ဈေးကွက်တင်တော့မယ့် ဈေးအပေါဆုံး အိန္ဒိယ ကွန်ပျူတာကို အိန္ဒိယ လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဝန်ကြီး Kapil Sibal က ကိုင်ဆောင်ပြသနေပုံ (ဇူလိုင် ၂၂၊ ၂၀၁၀)

အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ၃၅ ဒေါ်လာပဲပေးရမယ့် Laptop Computer နမူနာ တလုံးကို တီထွင်ခဲ့တဲ့အတွက် ကျောင်းသား ထောင်ပေါင်းများစွာ Computer သုံးနိုင်ကြဖို့ မျှော်လင့်ချက်တွေ ရှိလာပါတယ်။
Tablet PC အမျိုးအစား Computer Screen ကို လက်နဲ့နှိပ် အသုံးပြုနိုင်တဲ့ ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်သလို Online ပေါ်မှာ ကိုယ့်ရုပ်ပုံကို တဖက်ကမြင်ပြီး တိုက်ရိုက် အပြန်အလှန် စကားပြောနိုင်ကြမယ့် Video chat လဲ လုပ်လို့ရမယ်လို့ အိန္ဒိယ လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီး Kapil Sibal က ပြောပါတယ်။
အခုနောက်ဆုံး ရေပန်းစားနေတဲ့ iPad ပုံစံမျိုး ဒီ Computer ဟာ နေစွမ်းအင်နဲ့လဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Linux software ကို အခြေခံတဲ့ကွန်ပြူတာကို အိန္ဒိယနည်းပညာသိပ္ပံနဲ့ အိန္ဒိယ သိပ္ပံ သုတေသနအဖွဲ့တို့ ပေါင်းပြီး ထုတ်လုပ်တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အပြီးအစီး ထုတ်လ်ုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအခါကျရင် ကွန်ပျူတာ တန်ဖိုးကို ၁၀ ဒေါ်လာအထိ တဖြည်းဖြည်း ချနိုင်အောင်လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ ဝန်ကြီး Sibal ကပြောပါတယ်။
အိန္ဒိယ တနိုင်ငံလုံးပညာတတ်ရေး အစပြုဆောင်ရွက်မှုအရ ဈေးပေါတဲ့ Laptop computer တွေကို ထုတ်လုပ်မှာဖြစ်ပါတယ်။ နိုင်ငံတဝန်းက ကောလိပ်ကျောင်းပေါင်း၂၂,၀၀၀ ကျော်မှာလဲ မြန်နှုန်းမြင့် Broadband အင်တာနက်ဆက်သွယ်မှုကို ချိတ်ဆက် တပ်ဆင်ပေးဖို့လဲ အစီအစဉ် ရှိပါတယ်။